- စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ကမန် ၉ ဦးနှင့် ရခိုင် ၁ ဦး သေဆုံး
- သံတွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်များဖြင့် ထွက်ပြေးနေကြ
- မိုခါမုန်တိုင်း ၁ နှစ်ပြည့်အချိန်ထိ ရခိုင်ပြည်သူများ နာလန်မထူနိုင်သေး
- ဂွဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး
- စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မောင်တော ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
စစ်စခန်းတိုက်ခိုက်မှုများကို အီရန်က ကူညီပေးနေကြောင်း အမေရိကန်ပြော
အရှေ့အလယ်ပိုင်းရှိ အမေရိကန်အခြေစိုက် စခန်းများအား တိုက်ခိုက်မှုများကို အီရန်သည် အားတက်သရော ကူညီပံ့ပိုးပေးနေကြောင်း အမေရိကန်က အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
24 Oct 2023
DMG ၊ အောက်တိုဘာ ၂၄
အရှေ့အလယ်ပိုင်းရှိ အမေရိကန်အခြေစိုက် စခန်းများအား တိုက်ခိုက်မှုများကို အီရန်သည် အားတက်သရော ကူညီပံ့ပိုးပေးနေကြောင်း အမေရိကန်က အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
“အီရန်ဟာ ဟာမားစ်နဲ့ ဟက်ဇဘိုလာတို့ကို ဆက်လက်ထောက်ပံ့ပေးနေပါတယ်။ အီရန်ဟာ ဒီဖြစ်ရပ်တွေကို အနီးကပ် စောင့်ကြည့်နေပြီး တချို့ ဖြစ်စဉ်တွေမှာဆိုရင် ဒီတိုက်ခိုက်မှုတွေကို ကူညီပံ့ပိုးပေးနေတယ်၊ ဒီပဋိပက္ခမှာ ကိုယ့်အတွက်သော်လည်းကောင်း အီရန်အတွက်သော်လည်းကောင်း ဝင်မပါလိုသူတွေကိုလည်း ဖိအားပေးလှုံ့ဆော်နေတယ်လို့ ကျွန်တော်တို့ သိထားပါတယ်” ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ ဂျွန်ကာဘီက အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောကြားသည်။
အမေရိကန်သည် အစ္စရေးနှင့် ဟားမားစ်တို့အကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်မှုများ ရှိနေသော်လည်း အခြားတစ်ဘက်တွင်မူ အစ္စရေးအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့် ရှိသည်ဟု ပြောကာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်များကို ငြင်းဆန်လျက်ရှိသည်။
သမ္မတဂျိုးဘိုင်ဒန် အစိုးရအဖွဲ့သည် ယခုအကြမ်းဖက်မှုများ မဖြစ်ပွားမီက အမေရိကန်နှင့် အီရန်တို့အကြား တိုးတိုးတိတ်တိတ် ဆွေးနွေးမှုများကြောင့် အီရန်လိုလားသည့် လက်နက်ကိုင် အုပ်စုများနှင့်လည်း ဆက်ဆံရေး အသင့်အတင့် တည်ငြိမ်ခဲ့သည်။
သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန် တပ်ဖွဲ့ဝင်များ စခန်းချထားသည့် အီရန်စစ်စခန်း သုံးခုကို ဒုံးကျည်ငါးစင်းထက်မနည်းနှင့်အတူ ဒရုန်းများဖြင့်ပါ တိုက်ခိုက်ခံခဲ့ရသည်။
အီရန်ရှိ ရှီးယိုက်ဘာသာရေး ခေါင်းဆောင်များသည် ဟားမားစ်တို့ကိုသာမက လက်ဘနွန်ရှိ ရှီးယိုက်လှုပ်ရှားမှုအဖွဲ့ ဟက်ဇဘိုလာကိုပါ ထောက်ခံကြသည်။ အီရန်နှင့် ယီမင်ရှိ ရှီးယိုက် လက်နက်ကိုင်အုပ်စုများကိုလည်း အဆိုပါခေါင်းဆောင်များက ကူညီပံ့ပိုးလျက်ရှိသည်။
အမေရိကန်သည် အောက်တိုဘာလ ၇ ရက်နေ့က ဟားမားစ်တိုက်ခိုက်မှုနောက်ပိုင်းတွင် အစ္စရေးကို ကာကွယ်ရေးအကူအညီများ ပေးမည်ဟု ကတိပေးထားကြောင်း ဂျွန်ကာဘီက ပြောသည်။ စစ်ဘက်ဆိုင်ရာ အကြံပေးအနည်းငယ်ကိုလည်း အစ္စရေးသို့ စေလွှတ်ထားကြောင်း ဂျွန်ကာဘီက အတည်ပြုသည်။