သံတွဲတိုက်ပွဲ ဒေသခံထောင်ချီ ထွက်ပြေးနေ

သံတွဲ မြောက်ပိုင်းရှိ ရေကောက်၊ ပုရစ်နှင့် ဒေါ်မြ ကျေးရွာတို့အနီးတွင် ဧပြီလ ၂၂ ရက် နံနက် ၁၁ နာရီကျော်မှစ၍ တိုက်ပွဲပြင်းထန်းခဲ့ကာ စစ်ကောင်စီက ကြည်းလေရေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

By Admin 23 Apr 2024

နေရပ်စွန့်ခွာထွက်ပြေးနေသူများမှာ မိုးမကျမီ အမိုးအကာအောက်သို့ ရောက်ရှိရေး အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 
နေရပ်စွန့်ခွာထွက်ပြေးနေသူများမှာ မိုးမကျမီ အမိုးအကာအောက်သို့ ရောက်ရှိရေး အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

DMG ၊ ဧပြီ ၂၃

သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲများကြောင့် ဒေသခံတစ်ထောင်ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သံတွဲ မြောက်ပိုင်းရှိ ရေကောက်၊ ပုရစ်နှင့် ဒေါ်မြ ကျေးရွာတို့အနီးတွင် ဧပြီလ ၂၂ ရက် နံနက် ၁၁ နာရီကျော်မှစ၍ တိုက်ပွဲပြင်းထန်းခဲ့ကာ စစ်ကောင်စီက ကြည်းလေရေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

“တိုက်ပွဲက မနေ့က မွန်းတည့်ချိန်လောက်ကနေ ည ၉ နာရီကျော်အထိ ဖြစ်ခဲ့တယ်။ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းနဲ့ ကြည်းကြောင်း သုံးခုပေါင်းပြီးတိုက်တာ။ မနေ့ကဆိုရင် ဂျက်တိုက်လေယာဉ်နဲ့ ၄ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တယ်” ဟု ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးက ပြောသည်။ 

ယနေ့တွင်လည်း စစ်ကောင်စီ ရေတပ်မှ လက်နက်ကြီး ပစ်ခတ်မှုများရှိသဖြင့် ဒေသခံ ၁,၀၀၀ ကျော်မှာ  နီးစပ်ရာ ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဆွေမျိုးနေအိမ်တို့တွင် တိမ်းရှောင်နေကြရသည်။
တိုက်ပွဲဖြစ်ပွားနေရာသည် သံတွဲ - တောင်ကုတ် ကားလမ်းပိုင်း သံတွဲမြို့နှင့် ၂၂ မိုင်၊ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ၁၂ မိုင်အကွာတွင်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်ကလည်း သံတွဲ-တောင်ကုတ် ကားလမ်းအနီးရှိ ကွေ့ချောင်းနှင့် ရေစင်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက သံတွဲ-တောင်ကုတ် ကားလမ်းကို လုံခြုံရေးတင်းကြပ်စွာ ပိတ်ဆို့လိုက်သည်။

သံတွဲမြို့ခံတစ်ဦးက “သံတွဲမှာတိုက်ပွဲဖြစ်တော့ လုံခြုံရေးက အရင်ကထက် ၃ ဆလောက် တိုးပြီးချထားတယ်။ အရင်တုန်းက သွားလို့ရတဲ့နေရာကိုလည်း အခုသွားလို့မရတော့ဘူး။ သံတွဲပြည်သူတွေက တိုက်ပွဲအတွေ့ကြုံ မရှိကြတော့ စိုးရိမ်မှုမြင့်တက်နေကြတယ်” ဟု ပြောသည်။

ယမန်နေ့က သံတွဲ - တောင်ကုတ် လမ်းအတိုင်းမောင်းနှင်လာသည့် အရပ်သားကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း  သိရသည်။

ဗီဒီယိုများ