ဂျီနိုဆိုက် စကားလုံးကို လက်နက်သဖွယ် အသုံးချနေကြသည်ဟု AA ပြော

ရခိုင်စစ်ရေးပြင်းထန်နေချိန်တွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA, ARA, RSO နှင့် ဆက်စပ်သော အဖွဲ့အစည်းများသည် Genocide (လူမျိုးတုန်းသတ်ဖြတ်မှု) စကားလုံးကို လက်နက်တစ်ခုသဖွယ် အသုံးချလာနေကြောင်း အာရက္ခတပ်တော်(AA)က ပြောဆိုလိုက်သည်။

By Admin 01 May 2024

AA အလိုမရှိကြောင်း ဘူးသီးတောင်မြို့တွင် မွတ်ဆလင်များ ဆန္ဒပြနေကြစဉ်။ 
AA အလိုမရှိကြောင်း ဘူးသီးတောင်မြို့တွင် မွတ်ဆလင်များ ဆန္ဒပြနေကြစဉ်။ 

DMG ၊ မေ ၁

ရခိုင်စစ်ရေးပြင်းထန်နေချိန်တွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA, ARA, RSO နှင့် ဆက်စပ်သော အဖွဲ့အစည်းများသည် Genocide (လူမျိုးတုန်းသတ်ဖြတ်မှု) စကားလုံးကို လက်နက်တစ်ခုသဖွယ် အသုံးချနေကြသည်ကို တွေ့ရကြောင်း အာရက္ခတပ်တော်(AA)က ပြောဆိုလိုက်သည်။

ရခိုင်စစ်ရေးပြင်းထန်နေချိန်တွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA, ARA, RSO နှင့် ဆက်စပ်သော အဖွဲ့အစည်းများသည် Genocide (လူမျိုးတုန်းသတ်ဖြတ်မှု) စကားလုံးကို လက်နက်တစ်ခုသဖွယ် အသုံးချလာနေကြောင်း အာရက္ခတပ်တော်(AA)က ပြောဆိုလိုက်သည်။

“မွတ်ဆလင် အကြမ်းဖက်အဖွဲ့တွေဖြစ်ကြတဲ့ ARSA, ARA, RSO နှင့် ဆက်စပ်တဲ့အဖွဲ့အစည်းတွေဟာ သူတိုရဲ့ဘာသာရေးအစွန်းရောက် မူဝါဒတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်၊ လူ့အခွင့်အရေးကို အရေခြုံပြီးတော့ Genocide ဆိုတဲ့ စကားကို လက်နက်တစ်ခုသဖွယ် အသုံးချလာတာ တွေ့ရပါတယ်” ဟု AA ပြောခွင့်ရသူ ဦးခိုင်သုက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီလ ၃၀ ရက်က ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် မြန်မာအမျိုးသားရိုဟင်ဂျာကိုယ်စားပြုကော်မတီ (Rohingya Forcibly Displace Myanmar National Representative Committee)က စစ်ကောင်စီနှင့် AA တို့သည် မွတ်ဆင်လင်များအပေါ် ဒုတိယအကြိမ် လူမျိုးတုံးသတ်ဖြတ်နေကြောင်း ဧပြီလ ၂၇ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ 

ရခိုင်ပြည်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် AA တို့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှ ဧပြီလ ၂၅ ရက်ထိ နှစ်လကျော်အတွင်း မွတ်ဆလင် ၁၁၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ 

ထိုကဲ့သို့ ရခိုင်ပြည်အတွင်း မွတ်ဆလင်အသိုင်းအဝိုင်းနှင့်ပတ်သက်၍ မမှန်မကန် လုပ်ကြံဖန်တီးမှုများနှင့် စွပ်စွဲချက်များကို ULA/AA က ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။ 

“ဒါဟာ လူမျိုးတစ်ခုနှင့်တစ်ခုကြား ဖြေရှင်းမရတဲ့ ရှုပ်ထွေးမှုတွေဆီကို ဦးတည်သွားစေနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလို Genocide အတုတွေကို ခုတုံးလုပ်ပြီးတော့ လုပ်စားနေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို အမှန်တရားမြတ်နိုးတဲ့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းဆန့်ကျင် တားဆီးကြဖို့ လိုအပ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။ 

ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ရေးပြင်းထန်နေမှုနှင့်အတူ စစ်ကောင်စီသည် မွတ်ဆလင်များအား အသုံးချပြီး ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖြစ်လာစေရန် လုပ်ဆောင်နေကြောင်း AA နှင့် ဒေသတွင်း နေထိုင်သူများက ပြောဆိုထားသည်။ 

ဘူးသီးတောင်မြို့တွင် ပြီးခဲ့သည့်လက နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ ရုံးခန်းနှင့် မွတ်ဆလင် မဟုတ်သူများ၏ နေအိမ်အများအပြားကို စစ်ကောင်စီနှင့် မွတ်ဆလင်လက်နက်ကိုင်များက မီးရှို့ဖျက်ဆီးခဲ့ကြသည်။ 

ယင်းအပြင် စစ်ကောင်စီသည် မွတ်ဆလင်များအား မက်လုံးပေး၊ ဖိအားပေးပြီး “AA ဆန့်ကျင်ဆန္ဒပြပွဲများ” လုပ်ဆောင်ခိုင်းကာ စစ်သင်တန်းပေးပြီး စစ်မြေပြင်သို့ ပို့ဆောင်မှုများ ရှိနေသည်။ 

ထို့ကြောင့် လက်ရှိအခြေအနေတွင် မွတ်ဆလင်အရေး ဆောင်ရွက်နေသူများအနေဖြင့် လူမျိုးရေးပဋိပက္ခအသွင်သို့ ဆောင်နိုင်သည့် ပြောဆိုချက်များကို အထူးသတိထားသင့်ကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုကြသည်။ 

“လက်ရှိ ဘူးသီးတောင်၊ မောင်တောအခြေအနေက တော်တော်လေးကို ထိလွယ်ရှလွယ်ဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ မွတ်ဆလင်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘက်လိုက်မှုမရှိဘဲ မျှတမှုရှိရှိ ပြောဆိုကြဖို့ အထူးအရေးကြီးတယ်။ အခုက ရခိုင်ဖက်က လုပ်ဆောင်ချက်တွေကို မတရားဘူးဆိုပြီး မီဒီယာတွေမှာပြောနေပြီးတော့ မွတ်ဆလင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကျတော့ တစ်ခွန်းမှ ဟန့်တားပြောဆိုတာ မတွေ့ရဘူး” ဟု ရခိုင်က တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ Volker Türk က ရခိုင်ပြည်အရေး သတင်းစာရှင်းလင်းပွဲတစ်ခုတွင် - 

“ရခိုင်ပြည်သည် အဖွဲ့အစည်းများစွာပါဝင်သည့် စစ်မြေပြင်ပြန်ဖြစ်လာပြီး၊ အရပ်သားများမှာ ကြီးမားသည့် ဆုံးရှုံးမှုများကို ပေးဆပ်နေရကာ မွတ်ဆလင်များက ပို၍ အန္တရာယ်ကျရောက်နေသည်” 

“မွတ်ဆလင်များသည် ၎င်းတို့အားသတ်ဖြတ်ခဲ့သော မှတ်တမ်းရှိသည့် လက်နက်ကိုင်အုပ်စု နှစ်ခုကြားတွင် ပိတ်မိနေသည်။ ကျနော်တို့အနေဖြင့် မွတ်ဆလင်များအား နောက်တစ်ကြိမ် ဦးတည်တိုက်ခိုက်မှုကို ခွင့်မပြုနိုင်ပေ” ဟု ပြောဆိုခဲ့သည်။ 

ကော်မရှင်နာ၏ ပြောဆိုချက်များထဲတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များအား တစ်ခွန်းမျှ ပြောဆိုခြင်းမရှိသလို၊ စစ်ပွဲဒဏ်ကို ခံစားနေရသူများထဲတွင်လည်း မွတ်ဆလင်များကိုသာ အလေးပေးထားပြီး တခြားဒုက္ခရောက်နေသူများကို လျစ်လျှူရှုထားသဖြင့် မြေပြင်အခြေအနေ၊ အချက်အလက်များနှင့် လွဲချော်ကာ ဘက်လိုက်သော စွပ်စွဲချက်များဖြင့် ပြည့်နှက်နေကြောင်း AA က ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည်အတွင်းရှိ လူမျိုးဘာသာအုပ်စုတိုင်းကို ကာကွယ်ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မွတ်ဆလင်အပါအဝင် မည်သည့်အပြစ်မဲ့အရပ်သားကိုမျှ ဦးတည်သတ်ဖြတ်ခဲ့ခြင်းမရှိဘဲ ဆက်လက်၍လည်း ပြည်သူအားလုံးကို ထိရောက်စွာ အကာအကွယ်ပေးသွားမည်ဟု AA က ထုတ်ပြန်ထားသည်။ 

ဗီဒီယိုများ