ဆရာဝန်ဆိုရင် အများအားဖြင့် ဆေးရုံဆေးခန်းတွေမှာပဲ တာဝန်ထမ်းဆောင်နေသူတွေလို့ တွေးထင်မိကြမှာပါ။ ဒါပေမဲ့ စစ်တွေမြို့ ပြည်တော်သာရပ်ကွက်မှာနေထိုင်တဲ့ ဒေါက်တာကျော့သာစိန်ကတော့ ဆေးရုံတက်ပြီး ဆေးကုသမှု မခံယူနိုင်တဲ့သူတွေကို အခကြေးငွေမယူပဲ ကိုယ်တိုင်သွားရောက် ဆေးကုသပေးနေတာဖြစ်ပါတယ်။

ကိုယ်တိုင် ဆင်းရဲတဲ့မိသားစုကနေ ရုန်းကန်ရင်း ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့တဲ့ ဒေါက်တာကျော့သာစိန်က သူ့မှာ “ဆရာဝန်ဘဝနဲ့ ဘယ်တော့မှ ချမ်းသာအောင်မလုပ်ဘူး” ဆိုတဲ့ ခံယူချက်ရှိပြီး သူအသက်ရှိနေသရွေ့ သူတတ်ထားတဲ့ပညာနဲ့ ၇ ရက်သားသမီးတွေကို ဆေးကုသပေးသွားမယ်လို့ ဆုံးဖြတ်ချက်ချထားသူ တစ်ဦးလည်းဖြစ်ပါတယ်။

ရိုက်ကူး၊ တည်းဖြတ် - သက်နိုင် / DMG

Author: Admin