dtv news - ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောင်ဆင်ဖမ်းဆီးခဲ့တဲ့အကြောင်းကို အင်းစိန်တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ မိသားစုဝင်တွေကို သူတို့နေထိုင်တဲ့ နေပြည်တော်ရဲလိုင်းခန်းကနေ ချက်ချင်းဖယ်ပေးဖို့ ရဲတပ်ဖွဲ့အရာရှိတစ်ဦးက အကြောင်းကြားလာတယ်လို့ ဒုရဲမှူးဇနီးဖြစ်သူ ဒေါ်တူးမာက မီဒီယာတွေကို ပြောဆိုထားပါတယ်။ ရဲလိုင်းခန်းကနေ ချက်ချင်းဖယ်ပေးရမယ်လို့ ရဲအရာရှိက ပြောလာတဲ့အတွက် မိုးကြိုးပစ်သလို ခံစားရကြောင်း သမီးငယ်နဲ့အတူ ဖေ့စ်ဘုတ်စာမျက်နှာ တင်ထားတာကိုလည်း တွေ့ရပါတယ်။

သတင်း - နေရောင်မင်း (စစ်တွေ)

Author: နေရောင်မင်း(စစ်တွေ)