ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က မွတ်ဆလင်နဲ့ရခိုင်တို့အကြား လူမျိုးရေး၊ ဘာသာရေးဆန်ဆန် အရေးအခင်းတစ်ခုဖြစ်ခဲ့တာကြောင့် နှစ်ဖက်အသိုင်းအဝိုင်းကြား ဆက်ဆံရေးတွေ တင်းမာခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ မောင်တောဒေသမှာ ARSA အကြမ်းဖက်သမားတွေ တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့်လည်း နှစ်ဘက်အသိုင်းအဝိုင်းကြား ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ပါတယ်။ ။ အခုအချိန်မှာတော့ ဒီအသိုင်းအဝိုင်းနှစ်ခုကြား ဆက်ဆံရေးဟာ တဖြည်းဖြည်းနဲ့ ပြန်လည်တိုးတက်ကောင်းမွန်လာတဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာပါတယ်။

မြောက်ဦးမြို့နယ် အုက္ကန်ကျေးရွာက မာင်ဖြိုးဟိန်းကျော်တစ်ယောက် (၈) တန်းစာမေးပွဲဖြေပြီးလို့ သူငယ်ချင်းတွေနဲ့အတူ အိမ်ကို ပျော်ပျော်ရွှင်ရွှင်ပြန်လာခဲ့ပါတယ်။ အိမ်ကိုရောက်တဲ့အခါ “သားကို ကျောင်းဆက်မထားနိုင်တော့ဘူး” လို့ သူ့အမေပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့အခါ အရမ်းကို ထိခိုက်ခံစားခဲ့ရပါတယ်။ သားတွေကို ပညာတတ်ကြီးဖြစ်စေချင်ပေမဲ့ လင်ရဲ့စွန့်ပစ်ခြင်းကိုခံရပြီး ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်နေရတဲ့ မိခင်ဒေါ်ခိုင်ခိုင်ဦးအဖို့ သူ့သားကို လယ်ကွင်းထဲပို့ရုံမှတပါး တခြားရွေးစရာလမ်း မရှိခဲ့ပါဘူး။

မြောက်ဦးမြို့နယ် လေးမြို့မြစ်ကမ်းစပ်မှာ တည်ဆောက်ထားတဲ့ စင်းဘောကိုင်းစခန်းမှာ မိုးရေတွေနဲ့ မြစ်ရေတွေ ပြည့်လာတာကြောင့်တဲ့ အိမ် (၄၀၀)ကျော်ကို  ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး ပြုလုပ်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှ ပြည်သူတွေကို သံသယနဲ့ ဖမ်းဆီးနှိပ်စက်စစ်ဆေးမှု တွေကြောင့် အရပ်သားသေဆုံးမှုတွေမှာ ဥပဒေမဲ့ လုပ်ရပ်ဖြစ်တာကြောင့် အဲဒီ လုပ်ရပ်တွေကို ရပ်တန့်ရန်နဲ့ ပြစ်မှုကျုးလွန်သူတွေကို အရေးယူအပြစ်ပေးဖို့ ရခိုင်အမျိုးသားပါတီ ( ANP) မှ ဇူလိုင် ၃ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုဟာ ၆ လကျော် ကြာမြင့်လာပြီဖြစ်သလို တိုက်ပွဲကာအတွင်းမှာ တပ်မတော်ကနေ အေအေနဲ့ပတ်သက်လို့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် အရပ်သားပြည်သူသေဆုံးမှုတွေလည်း ရှိပါတယ်။

တပ်မတော်ကဖမ်းဆီးစစ်ဆေးမှုကြောင့် အရပ်သားပြည်သူတွေသေဆုံးနေမှုကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ စစ်တွေမြို့က ဦးဥတ္တမပန်းခြံမှာ ရခိုင်လူငယ်တွေစုပေါင်းပြီး ဖမ်းဆီးအစစ်ဆေးခံရတဲ့ သရုပ်ပြတင်ဆက်မှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

မင်းပြားမြို့နယ် ရွှေကျန်ကျေးရွာအနီးအဝိုက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်သုံးပစ်ခတ်ခဲ့တဲ့အတွက် ရွှေကျန်ကျေးရွာသား ၆၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။