ရခိုင်ပြည်နယ်အတွင်းက ကမ္ဘာကျော် ငပလီကမ်းခြေကို လာရောက်လည်ပတ်သူတွေအနေနဲ့ ငပလီကမ်းခြေအနီးက နာမည်ကျော် ပုလဲကျွန်းဟာ သွားရောက်လည်ပတ်ဖို့ကောင်းတဲ့ နေရာတစ်ဖြစ်ပါတယ်။ ပုလဲကျွန်းဟာ ငပလီမြို့ မြပြင်ရပ်ကွက်ကမ်းခြေအနီးမှာ တည်ရှိပြီးတော့ အပျော်စီးလှေနဲ့ မိနစ် ၂၀ သွားရင် ပုလဲကျွန်းကိုရောက်ရှိနိုင်ပါတယ်။
ပုလဲကျွန်းပေါ်မှာ ယခင်က ပုလဲမွေးမြူရေးလုပ်ငန်းတွေကို အစိုးရမှ လုပ်ကိုင်ခဲ့ပြီး အဲ့ဒီအချိန်က ကျွန်းပေါ်ကို ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်ခွင့် မရှိခဲ့ပါဘူး။ ယခုအချိန်မှာတော့ ကျွန်းပေါ်က ပုလဲမွေးမြူရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်တာမရှိတော့တဲ့အတွက် ပုလဲကျွန်းဟာ လာရောက်လည်ပတ်သူ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေနဲ့ အထူးစည်ကားတဲ့ နေရာတစ်ခု ဖြစ်လာနေတာပါ။
သတင်း - ဇေယျာလင်း (ငပလီ)




