စစ်တွေမြို့ မြို့မိမြို့ဖအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်သန်းဝေကို ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဦးအောင်သန်းဝေကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေပုဒ်မ ၁၀ နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) စတဲ့ပုဒ်မတွေနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ကိုယ်စား ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး(ဟောင်း) ဦးတင်မောင်ဆွေက လက်မှတ်ရေးထိုးပြီး အမှတ်(၁) ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ဦးအောင်သန်းဝေက ပြောပါတယ်။
သတင်း - နေဝင်းစံ




