စစ်တွေမြို့ ၊ ဝင်္ကပါကွင်းမှာ မြို့လုံးကျွတ်ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ စတင်ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “ ရိုးရာအမွေအနှစ်တွေကို ဖော်ထုတ်ထိန်းသိမ်းတာဟာ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာတွေ၊ တန်ဖိုးတွေကို မြှင့်တင်တာဖြစ်တယ် ” လို့ ပြောကြားခဲ့ပါတယ်။




