ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးရဲ့ စွတ်စွဲပြစ်တင်ချက်တွေဟာ မှန်ကန်ကြောင်းကို ဒီကနေ့မှာ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို စွတ်စွဲပြစ်တင်မှုအပေါ် စုံစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ဒီကနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာပြုလုပ်တဲ့ ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ လျှို့ဝှက်မဲစနစ်နဲ့ ဆုံးဖြတ်ခဲ့ပြီး မဲပေးခွင့်ရှိတဲ့ ကိုယ်စားလှယ် ၄၅ ဦးအနက် စွတ်စွဲပြစ်တင်မှုမှန်ကန်ကြောင်း ထောက်ခံမဲ ၃၇ မဲနဲ့ ကန့်ကွက်မဲ့ ၈ မဲ ရှိခဲ့ပါတယ်။
အခုလိုမဲခွဲဆုံးဖြတ်ရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံကျော်ဟာ ထောက်ခံခဲ့ကြတဲ့အတွက် ဦးမင်းအောင်အား စွတ်စွဲပြစ်တင်မှု မှန်ကန်ကြောင်းနဲ့ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးရာထူးမှာ ဆက်လက်တာဝန် ထမ်းဆောင်ရန်မသင့်ကြောင်းကို ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။
သတင်း - နေဝင်းစံ
စည်ပင်ဝန်ကြီး ဦးမင်းအောင်အား စွတ်စွဲပြစ်တင်မှုမှန်ကန်ကြောင်း ရခိုင်လွှတ်တော်က အတည်ပြု
- Details
- Hits: 90
- စစ်တွေ




