အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေးဦးစီးဌာန (FDA) မှ ဦးစီးပြီး ကျောက်ဖြူမြို့မှာ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်းတွေ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတစ်ခုကို ကျောက်ဖြူပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမမှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အဲဒီဟောပြောပွဲမှာ အစားအသောက်နဲ့ ဆေးဝါးတွေကို သောက်သုံးရန် သင့်မသင့်အကြောင်း ဟောပြောခဲ့သလို တစ်ပိုင်တစ်နိုင်လုပ်မယ့် စားသောက်ကုန် လုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ငန်းလိုင်စင်လျှောက်ပြီးလုပ်ကြဖို့ ပြည်နယ် FDA မှ ဦးစီးအရာရှိ ဦးကျော်သိန်းမောင်က ပြောပါတယ်။
သတင်း - ခိုင်မင်း (ကျောက်ဖြူ)




