ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသအတွင်းနေထိုင်ကြတဲ့ ကျေးရွာတချို့မှာ သေက်သုံးရေရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့အတွက် ကျေးရွာနဲ့ တစ်မိုင်ကျော်ဝေးကွာတဲ့ လျိုမြောင်အတွင်းက ရေတွေကို ခတ်ယူသုံးစွဲနေ ရတယ်လို့သိရပါတယ်။ ခမီတိုင်းရင်းသားတွေနေထိုင်တဲ့ မင်းမပိန္နဲကျေးရွာမှာ သောက်သုံးရေအခက်အခဲကြောင့် ရေကို တစ်ခြားနီးစပ်ရာ ကျေးရွာတွေက သွားရောက်ခတ်ယူနေရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သတင်း - ဇောင်း (ပုဏ္ဏားကျွန်း)

Author: ဇောင်း(ပုဏ္ဏားကျွန်း)