ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို သြဂုတ်လ ၅ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်ခဲ့ကြပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ အမြန်ဆုံးလွတ်မြောက်စေရေး ဆုတောင်းပွဲကို တက်ရောက်လာတဲ့ လူပေါင်း ၁၀၀ ကျော်ဟာ အတုလမာရဇိန်ဘုရားကြီးမှာ ပန်း၊ဆီးမီးတွေထွန်းညှိ ပူဇော်ခဲ့ကြသလို ဆရာတော်များထံကလဲ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြတာ ဖြစ်ပါတယ်။

Author: နေဝင်းစံ