ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်က အစိုးရကျောင်းတွေမှာ ပညာရေးနိမ့်ကျမှုတွေ ရှိနေတာဟာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေက အစိုးရကျောင်းတွေအပေါ်မှာ ယုံကြည်ချက် ကင်းမဲ့နေတာကြောင့် ဖြစ်တယ်လို့ မာန်အောင်ရွှေပန်းထိမ်လူငယ်များအဖွဲ့က ပြောဆိုလိုက်ပါတယ်။
မာန်အောင်မြို့နယ်မှာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း နှစ်ကျောင်းခန့်ရှိပြီး ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မိဘတွေအနေနဲ့ ပုဂ္ဂလိကကျောင်းတွေမှာသာ အပ်နှံကြတာကြောင့် အစိုးရကျောင်းတွေမှာ ပညာရေးနိမ့်ကျနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
သတင်း - အောင်ကောင်းဇော်




