ရခိုင်ပြည်နယ်တွင်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပတ်သက်လို့ ရိုက်ကူးနေတဲ့ ရခိုင်ဗွီဒိယိုဇာတ်ကားမှာ ရဲဝန်ထမ်းဇာတ်ရုပ်တွေကို ရိုက်ကူးဖို့အတွက် ရဲဌာနရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရတာကြောင့် အချိန်ကြံကြာပြီး ရိုက်ကူးရေးပိုင်းမှာ အခက်အခဲကြုံတွေ့နေရတယ်လို့ ဇာတ်ကားဒါရိုက်တာက ပြောပါတယ်။

“ အလိဇီ ” လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားမှာ ရဲပါဝင်တဲ့ရုပ်ကွက်တွေကို ရိုက်ကူးဖို့စောင့်ဆိုင်းနေရကာ အချိန် ၂ လခန့်ကြာတဲ့အထိ ခွင့်ပြုတယ်၊ ခွင့်မပြုဘူးဆိုတဲ့အဖြေကို မရရှိသေးဘူးလို့ အလိဇီဇာတ်ကားရဲ့ ဒါရိုက်တာ မင်းစုစံက ပြောပါတယ်။

ဒီဇာတ်ကားအတွက် အခြားရုပ်ကွက်တွေကို ရိုက်ကူးပြီးသွားပြီဖြစ်ကာ ရဲပါဝင်တဲ့ရုပ်ကွက် ၁၀ ကျော်သာ ရိုက်ကူးဖို့ ကျန်နေသေးတာလည်းဖြစ်ပါတယ်။

သတင်း - နေဝင်းစံ