ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ မကြာခဏဆိုသလို ကျွဲ၊ နွားတွေပျောက်ဆုံးနေပေမယ့် ထိရောက်စွာ အရေးယူနိုင်ဖို့ အားနည်းနေတယ်လို့ သိရပါတယ်။ ကျွဲ၊ နွားတွေ မကြာခဏပျောက်ဆုံးနေတဲ့အတွက် ကျွဲ၊ နွားတွေကို အဓိထားပြီး လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ တောင်သူတွေမှာ အခက်ခဲတွေ များစွာဖြစ်နေပြီး ကျွဲ၊ နွားတွေ ပျောက်ဆုံးနေမှုကြောင့် လိုက်လံရှာဖွေပေမယ့် တချို့သာ ပြန်ရတာတွေရှိတယ်လို့ သိရပါတယ်။
သတင်း - ဇောင်း (ပုဏ္ဏားကျွန်း)




