ပျံလွန်တော်မှုသွားတဲ့ ရခိုင်ဆရာတော် ဘဒ္ဒန္တဥာဏစက္က မထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်ကို မန္တလေး ကနေတစ်ဆင့် စစ်တွေမြို့ပေါ်သို့ ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းက ပင့်ဆောင်ရောက်ရှိခဲပါတယ်။ ဆရာတော်ဘုရားကြီးဟာ ပြီးခဲတဲ့ ဧပြီလ ၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့မှာရှိတဲ့ မင်္ဂလာဇေယျံကျောင်းတိုက်အမှာ ဘဝနတ်ထံပျံလွန်တော်မူခဲတာဖြစ်ပြီး ဆရာတော်ကြီးပျံလွန်တော်မူ တဲ့အချိန်မှာ သက်တော် ၉၅ နှစ်၊ သိက္ခာတော် ၆၉ ဝါ ရှိပြီဖြစ်တယ်လို့သိရပါတယ်။

သတင်း - ခိုင်ရိုးလ

Author: DMG