dtv news - ခမီမျိုးနွယ်စုဝင်တိုင်းရင်းသားတွေရဲ့ ၈ ကြိမ်မြောက် အမျိုးသားနေ့ကို ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ် ကျင်တလင်းကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ ခမီတိုင်းရင်းသားတွေ တစ်စုတည်းဆုံတွေ့ပြီး ပိုမိုချစ်ခင်စည်းလုံးနိုင်စေဖို့အတွက် ရခိုင်ပြည်နယ်အနှံမှာ နေထိုင်တဲ့ ခမီတိုင်းရင်းသားတွေရဲ့ အမျိုးသားနေ့ကို ကျင်းပရတာဖြစ်တယ်လို့ ပြောပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ရခိုင်ရိုးရာယဉ်ကျေးမှုမှာ မပါမဖြစ်တဲ့ မင်္ဂလာစည်တော်ကို ယခင်နှစ်တွေထက် အခုနှစ်မှာ ဝယ်ယူသူများပြားလာနေတယ်နေလို့ သိပါတယ်။ ရခိုင်ရိုးရာ မင်္ဂလာစည်တွေကို ယခင်နှစ်တွေက အလုံးရေ ၂၀ နီးပါးခန့်သာ ရောင်းချခဲပြီး ယခုနှစ်မှာတော့ စည်အလုံးရေ ၁၀၀ ကျော်ထိ ပြုလုပ်ရောင်းချပြီး ဖြစ်ကာ ရခိုင်ပြည်နယ်အတွင်းက မြို့၊ကျေးရွာတွေအပြင် ပြည်ပကမှာယူကြတာ တွေလည်းရှိတယ်လို့ မြောက်ဦးမြို့ပေါ်မှ စည်လုပ်ငန်းလုပ်ကိုင်သူ ဦးမောင်သာအေး ကပြောပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - မာန်အောင်မြို့နယ်ရဲ့ အထင်ကရဖြစ်တဲ့ မေဃ၀တီဂန္ဓပ္ပမြေနီတောင်ပေါ်မှာ ကဆုန်လပြည့် ညောင်ရည်သွန်း ပွဲတော်ကို နှင့်အတူ မြေနီတောင်ဘက်စုံဖွံ့ဖြိုးတိုတက်ရေးအဖွဲ့ခေါင်းဆောင် တေးသံရှင် ကိုကိုနှိင် (ဗျာလ) ကွယ် လွန်းတဲ့ ၃ လပြည့်အထိမ်း အမှတ် ပွဲတော်ကို လာမယ့်ဧပြီလ ၂၉ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါ ညောင်ရည်သွန်းပွဲတော်နှင့် တေးသံရှင်ကိုကိုနိုင်(ဗျာလ)ကွန်လွန်ခြင်း ၃ လပြည့် ဝမ်းနည်းဖွယ်ပွဲကို ဧပြီလ ၂၉ ရက်နေ့က ဆုန်လပြည့်နေ နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပသွားဖို့ စီစဉ်နေ တယ်လို့ မြေနီတောင် ဘက်စုံဖွံ့တိုးတက်ရေး ဂေါပက အဖွဲ့ဝင် ကိုကျော်မိုးနိုင်က ဆိုပါတယ်။ သတင်း - အောင်ကောင်းဇော်

dtv news - သင်္ကြန်အလွန် တနင်္ဂနွေနေ့ဖြစ်တဲ့ ဒီကနေ့ ဧပြီ ၂၂ ရက်နေ့မှာ စစ်တွေမြို့ ပွိုင့်ကမ်းခြေတစ်လျှောက် ပျော်ပွဲစားထွက်သူတွေလာရောက်အပန်းဖြေ အနားယူတဲ့သူတွေများပြားပြီး အထူးစည်းကားခဲပါတယ်။ အခုလို သင်္ကြန်ကာလလွန်မှာကျရောက်တဲ့ တနင်္ဂနွေနေ့ ကို Super Sunday နေ့အဖြစ်သတ်မှတ်ပြီး နှစ်စဉ် စစ်တွေမြို့ပေါ်မှာရှိတဲ့ ပွိုင့်ကမ်းခြေတစ်လျှောက်နဲ့၊ နန္ဒဝန်ဥယာဉ်တွေကို လာရောက်လည်ပတ်သူတွေများပြား ပြီး ပျော်စရာအလွန်ကောင်းတဲ့အတွက် နယ်ဘက်တွေကလာရောက်တဲ့ သူတွေဟာလည်း အများပြားရှိနေတာပါ။ ပွိုင့်ကမ်းခြေကို အပန်းဖြေရောက်ရှိလာတဲ့ မခင်သန္ဒာစိုး ကတော့ လာရောက်အပန်းဖြေရတဲ့အပေါ် အခုလိုပြောပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ကဆုန်လဆန်း ၇ ရက်နေ့မှာ ကျရောက်တဲ့ ၃ ကြိမ်မြောက်မြိုတိုင်းရင်းသားတွေရဲ့ အမျိုးသားနေ့ အခမ်းအနားကို ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်မှာရှိတဲ့ လေကွီးကျေးရွာမှာ ဒီနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ အဆိုပါ မြိုအမျိုးသားနေ့အခမ်းအနားကို ယခင်နှစ်တွေကတော့ ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာမှာ ကျင်းပခဲ့ပြီး ယခုနှစ်မှာတော့ မြိုတိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့ ယိုးချောင်းမြစ်ရဲ့ အထက် ဘက်က လေကွီးကျေးရွာမှာကျင်းပခဲ့တယ်လို့ မြို စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဦးဇနီဖြူက ပြောပါတယ်။
သတင်း - စိမ်းကိုကို

dtv news - ဧပြီလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိကျင်းပခဲ့တဲ့ သင်္ကြန်ကာလအတွင်း ရခိုင်ပြည်နယ်မှာ ကာမရာဂ ဆေး ဖမ်းဆီးရရှိမှု ၃ မှုအထိရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။ မိန်းကလေးတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ကာမဆေးတွေကို ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ သံတွဲနဲ့ မောင်တောမြို့နယ်တွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာ ဖမ်းဆီးရရှိသူတွေကို အမျိုးသားဆေးဝါး ဥပဒေနဲ့အရေးယူထားတယ်လို့လည်း ရဲမှူးကြီးကဆိုပါတယ်။

သတင်း - နေ၀င်းစံ

dtv news - ရခိုင်ပြည်နယ်အတွင်းမှာ သင်္ကြန်ကာလအတွင်း လုံခြုံမှုရှိစေဖို့အတွက် ရဲအင်အား ၃၀၀၀ ခန့်ကို ချထား ဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။ လက်ရှိမှာ လုံခြုံရေးအတွက်ကြိုတင်ပြီး လှည့်ကင်း၊ ရပ်ကင်းတွေဆောင်ရွက်နေသလို မသင်္ကာဖွယ်ရာ ဧည့်သည်စိမ်းတွေကိုလည်း စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

သတင်း - ခိုင်ရိုးလ