ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကပိုင်ရွှေကျားရက္ကန်းလုပ်ငန်းက လက်ရက်ကန်းထည်တွေဖြစ်တဲ့ ရခိုင်အချိတ်တွေကိုရောင်းချပေးဖို့ ဟောင်ကောင်နဲ့ သြစတြီးယားနိုင်ငံတွေက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

အဲဒီလိုမျိုး ရခိုင်အထည်တွေကို ပြည်ပဈေးကွက်တွေထိ တင်ပို့ရောင်းချခွင့်ရရှိဖို့အတွက် ရွှေကျားရက်ကန်း လုပ်ငန်းက ထုတ်လုပ်တဲ့အထည်တွေနဲ့ ပတ်သက်ပြီးတော့ ဟောင်ကောင်နဲ့ သြစတြီးယားနိုင်ငံတွေကို နမူနာ ပေးပို့ထားပြီး ဖြစ်ပါတယ်။

သတင်း - ပြည့်စုံ