ရခိုင်ပြည်နယ်ဟာ အခြားပြည်နယ်၊ တိုင်းတွေနဲ့နှိုင်းယှဉ်လို့ရှိရင် မုဒိမ်းမှုဖြစ်ပွားတာ ဒုတိယအနည်းဆုံး ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အမျိုးသမီးကော်မတီက ဇူလိုင်လ ၃ ရက်နေ့မှာ ပြောပါတယ်။

ဒေါက်တာကျော့သာစိန်ကတော့ ဆေးရုံတက်ပြီး ဆေးကုသမှု မခံယူနိုင်တဲ့သူတွေကို အခကြေးငွေမယူပဲ ကိုယ်တိုင်သွားရောက် ဆေးကုသပေးနေတာဖြစ်ပါတယ်။

ပါတီ၊ အဖွဲ့အစည်းမှာ ဦးဆောင်မှု အခန်းကဏ္ဍမှာပေးမယ်ဆိုရင်တောင်မှ အဲဒီအမျိုးသမီးက စိတ်လည်းဝင်စားတယ်၊ အရည်အချင်းလည်းရှိတယ်။ ဒါပေမယ့် တစ်ဖက်မှာ အိမ်ထောင်မှူး တာဝန်တွေနဲ့ ပြန်ပြီးစဉ်းစားမယ် ဆိုလို့ရှိရင်တော့ အဲဒီအမျိုးသမီးက ပါလာနိုင်ခြေအားနည်းသွားပြီ။ အဲ့လိုအကန့် အသတ်တွေက အမျိုးသမီးတွေရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ စိတ်ပါဝင်စားမှုအပေါ်မှာ တိုင်းတာလို့မရဘဲနဲ့ သူ့ရဲ့ နောက်ကွယ်မှာရှိနေတဲ့ လုပ်ငန်းတာဝန်တွေအပေါ်မှာလည်း ပိုပြီးတော့ အကန့်အသတ်ဖြစ်စေတယ် ဆိုတာမျိုး ယူဆလို့ရပါတယ်

၁၉၈၈ ကစတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှု ၈ လေးလုံးအရေးတော်ပုံဟာ အခု ၂၀၁၈ ခုနှစ်မှာ အနှစ် ၃၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် ဒီမိုကရေစီစနစ်ပြည့်ဝတဲ့တိုင်းပြည်မဖြစ်သေးဘူးလို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

သတင်း - နေဝင်းစံ

dtv news - ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောင်ဆင်ဖမ်းဆီးခဲ့တဲ့အကြောင်းကို အင်းစိန်တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ မိသားစုဝင်တွေကို သူတို့နေထိုင်တဲ့ နေပြည်တော်ရဲလိုင်းခန်းကနေ ချက်ချင်းဖယ်ပေးဖို့ ရဲတပ်ဖွဲ့အရာရှိတစ်ဦးက အကြောင်းကြားလာတယ်လို့ ဒုရဲမှူးဇနီးဖြစ်သူ ဒေါ်တူးမာက မီဒီယာတွေကို ပြောဆိုထားပါတယ်။ ရဲလိုင်းခန်းကနေ ချက်ချင်းဖယ်ပေးရမယ်လို့ ရဲအရာရှိက ပြောလာတဲ့အတွက် မိုးကြိုးပစ်သလို ခံစားရကြောင်း သမီးငယ်နဲ့အတူ ဖေ့စ်ဘုတ်စာမျက်နှာ တင်ထားတာကိုလည်း တွေ့ရပါတယ်။

သတင်း - နေရောင်မင်း (စစ်တွေ)

dtv news - ရခိုင်ပြည်နယ်နယ် မင်းပြားမြို့နယ်မှာ ၁၈ နှစ်ပြည့်မှတ်ပုံတင်တစ်ခုလဲလှယ်တာကို ငွေကျပ် ၁ သောင်းခွဲ တောင်းခံတယ်ဆိုပြီး လူမှုကွန်ယက်ပေါ် Post တင်ခဲ့သူကို မင်းပြားလဝကဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ လိုင်းကိုင်စာရေးတို့က ကျေးရွာရဲ့နေအိမ်အထိ လာရောက်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ မင်းပြားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှာ သံရှင်အုပ်စု နဒင် ရွာဟောင်းကျေးရွာက မိန်းကလေးနှစ်ဦးဟာ ဧပြီလ ၁၈ ရက်နေ့က အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် တွေလှဲလှယ်ကြတဲ့အခါ တစ်ခုကို ၁ သောင်းခွဲကျစီနဲ့ မှတ်ပုံတင်နှစ်ခုကို ၃ သောင်းအထိ တောင်းခံ ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ်တင်ခဲ့သူ မခိုင်သန်းဝင်းက ဆိုပါတယ်။

သတင်း - နေဝင်းစံ

ဒီဇင်ဘာ ၅ ရက်၊ ၂၀၁၇ ခုနှစ် ။     ။  အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုပပျောက်စေရေးအတွက် ဖဲကြိုးဖြူတွေတပ်ဆင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှုကို ရခိုင်ပြည်နယ်မှာ ပြုလုပ်လျက်ရှိပါတယ်။

ဒီလိုဖဲကြိုးဖြူတွေတပ်ဆင်ရခြင်းဟာ အမျိုးသမီးတွေ အကြမ်းဖက်မှုကနေ လွှတ်မြောက်သွားပြီဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)ရဲ့ အထွေထွေအတွင်းရေးမှူး စောဦးညွန့်ခင်က ဆိုပါတယ်။