ရခိုင်အရေးကိစ္စနဲ့ပတ်သတ်ပြီး အမှန်တရားကို ဖော်ထုတ်နိုင်ဖို့အတွက် နယ်မြေအနေအထားအရကြည့်ရင် အင်အားရှိတယ်လို့ယူဆနိုင်ပေမယ့် ကမ္ဘာကြီးနဲ့ယှဉ်ရင် ရခိုင့်အရေးသတင်းတွေဟာ အမှန်တရားပျောက်ကွယ်နေတဲ့ အချိန်ဖြစ်တာကြောင့် ရခိုင်အရေးဖြေရှင်းရာမှာ အမျိုးသားရေးစိတ်ဓာတ်တစ်ခုတည်းနဲ့ ဖြေရှင်းရင် အမှားတွေကျူးလွန်မိနိုင်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမင်းသိန်းက သတိပေးပြောကြားလိုက်ပါတယ်။

မနေ့က နံနက် ၈ နာရီခွဲအချိန်က ရန်ကုန်မြို့ ရွှေတိဂုံစေတီအနီးရှိ ရခိုင်ဓမ္မာရုံမှာ ကျင်းပပြုလုပ်တဲ့ (၄၃) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

သတင်း - ဖဒူထွန်းအောင်

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်