ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။     ။ ရခိုင်အမျိုးသားကိုယ်စားပြု ဗျာလသီချင်းဖြင့် နာမည်ကြီးလူသိများလာတဲ့ ရခိုင်တေးသံရှင် မာန်အောင်ဇာတိ ကိုကိုနိုင်(ဗျာလ)ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်က ရန်ကုန်မြို့ ရေဝေးသုဿန်မှာ သင်္ဂြိုဟ်ခဲ့ပြီး သူ့ရဲ့နောက်ဆုံးခရီးကိုတော့ အနုပညာအသိုင်းအဝိုင်း အပါအဝင် လူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ကိုကိုနိုင် (ခ) ဦးတင်ထွန်းနိုင် (အသက် ၄၇ နှစ်) ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်မြို့ Green Cross Hospital မှာ သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်သွားတာဖြစ်ပြီး သူကွန်လွန်သွားတဲ့အပေါ် အရမ်းစိတ်မကောင်းဖြစ်မိတယ်လို့ ရခိုင်တေးသံရှင်တစ်ဦးဖြစ်တဲ့ မစိမ်းလဲ့လဲ့ က ပြောပါတယ်။

သတင်း - ကောင်းကောင်း

Author: ကောင်းကောင်း