ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူမြို့ပေါ်ရပ်ကွက်တွေနဲ့ မောင်တောမြို့နယ်က ကျေးရွာအချို့မှာ ရေရှားပါးမှုဒဏ်ကို ယခုလအတွင်းမှာ စတင်ကြုံတွေ့နေရပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှာဆိုရင် နှစ်စဉ်ရေရှားပါးတဲ့ဒုက္ခကို ခံစား ကြရပြီး လက်ရှိအချိန်မှာလည်း ရေရှားပါးနေပြီဖြစ်သလို ရေပေးဝေမှုဟာလည်း နေ့စဉ်နေတိုင်းမရရှိတဲ့အတွက် ရေကိုအလုအယက် ခတ်နေကြရတယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

သတင်း - ခိုင်မင်း(ကျောက်ဖြူ)

Author: ခိုင်မင်း(ကျောက်ဖြူ)