သူတို့မိသားစုဟာ တစ်ရက်လုပ်မှ တစ်နပ်စားတဲ့ဘဝမျိုးဖြစ်ပြီး အဖေဖြစ်သူနဲ့အမေက မနက်မိုးလင်း ၇ နာရီ အချိန် ကျေးရွာနဲ့ခြေလျင် ၂ နာရီဝေးတဲ့နေရာကို ဟင်းရှာသွားရပါတယ်။ မောင်ဝေယံလင်းရဲ့ ညီအစ်ကိုသုံးယောက်ကတော့ အိမ်မှာကျန်နေခဲ့ပြီး ကလေးတို့သဘာဝအတိုင်း ဆော့ကစားကြရင်း ညနေစောင်းရင် အဖေ၊ အမေ ပြန်လာမှာကို မျှော်နေတတ်ကြပါတယ်။ ကိုဦးမောင်တို့ ဇနီးမောင်နှံမှာ ရလာတဲ့ဟင်းသီးဟင်းရွက်တွေကိုရောင်းချပြီး ချက်ပြုတ်စားသောက်ရင်း ဘာဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတဲ့ မိသားစုဟာ စစ်ကျန်ဗုံးသီးတစ်လုံးကြောင့် ပျက်စီးခဲ့ရပါတယ်။ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းလောက်မှာ ကိုဦးမောင်က သူတို့ရှာဖွယ်လို့ရလာတဲ့ ဟင်းသီးဟင်းရွက်တွေကို ရောင်းချဖို့ပြင်ဆင်နေပါတယ်။ ဇနီးဖြစ်သူကတော့ ၂ နှစ်အရွယ်သားလေးကို နေအိမ်မှာထိုင်ရင်း နို့ချိုတိုက်ကျွေးနေပါတယ်။ မောင်ဝေယံလင်းရဲ့ ညီအစ်ကိုနှစ်ဦးကတော့ သူ့အမေနားမှာ ကစားနေကြပါတယ်။

 

Author: Admin