ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၁၈ ခုနှစ် ။      ။ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့မှာ လူဦးရေထူထပ်လာနေတဲ့အတွက် မြို့သစ်စီမံကိန်းတစ်ခုကို ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလလောက်ကနေ စတင်လုပ်ဆောင်နေတာဖြစ်ပြီးတော့ စီမံကိန်းပြီးတဲ့အခါမှာလည်း ပိုလျှံတဲ့မြေတွေကို ပြန်လည်ရောင်းချပေးသွားမယ်လို့ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က DMG ကို ပြောဆိုလိုက်ပါတယ်။

မြို့သစ်စီမံကိန်းဖော်ဆောင်ဖို့အတွက် လယ်ယာမြေ ဧကပေါင်း (၆၀) ကျော်ကို တစ်ဧကလျှင် ကျပ် ၂၅ သိန်းဖြင့် အစိုးရက ဝယ်ယူလုပ်ဆောင်နေတာဖြစ်ပြီးတော့ စီမံကိန်းထဲမှာတော့ ဆေးရုံ၊ စာသင်ကျောင်း၊ ဝန်ထမ်းအိမ်ရာ၊ ဘိုးဘွားရိပ်သာတွေ ပါဝင်သွားမှာဖြစ်ပြီး ပိုလျှံတဲ့မြေတွေကိုတော့ စီမံကိန်းမြေယာရောင်းချပေးတဲ့သူတွေကို ဦးစားပေးရောင်းသွားမယ်လို့ ဝန်ကြီး ဦးကျော်လွင် က ပြောပါတယ်။

သတင်း - အောင်ကောင်းဇော်

Author: အောင်ကောင်းဇော်