ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြောက်ဦးပဋိပက္ခမှာ အရပ်သားတွေကို အင်အားသုံး အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့နဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီအချိန်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့နဲ့ မြန်မာသံရုံးရှေ့မှာ American Arakan Community (AAC) က ဦးဆောင်ပြီး ရခိုင်တိုင်းရင်းသား ၂၀၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း - DMG

Author: DMG