ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးနေရာကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပူးတွဲတာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

အခုလို လစ်လပ်နေတဲ့စည်ပင်ဝန်ကြီးတာဝန်တွေကို ဇန်နဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်ကို လွှဲပြောင်းပေးအပ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း - နေဝင်းစံ

Author: နေဝင်းစံ