လယ်ယာမြေဥပဒေဖြင့် ထောင်ချခံထားရသူနှစ်ဦး ပြည်နယ်တွင် ထပ်မံအယူဝင်မည် (ရုပ်သံ) မာန်အောင်မြို့နယ် လေယာဉ်ကွင်းတိုးချဲ့ရာတွင် မြေယာပါဝင်သွားပြီး လျှော်ကြေးငွေ မယူတဲ့အတွက် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၅ ဖြင့် မာန်အောင်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၇ လ ချမှတ်ခံရသူ နှစ်ဦးမှာ ဇွန်လ ၂၅ ရက်နေ့က ခရိုင်တရားရုံးမှ အယူခံဝင်ရာရှုံးနိမ့်ခဲ့တဲ့အတွက် ပြည်နယ်တရားရုံးသို့ထပ်မံအယူခံဝင်သွားမယ်လို့ ထောင်ဒဏ်ကျခံနေရသူ ဦးဖြူသီးခိုင်ရဲ့ သားဖြစ်သူ ကိုအောင်လင်းထွန်းက ဆိုပါတယ်။
သတင်း - အောင်ကောင်းဇော်




