မောင်တောမြို့နယ်မှာ သက်ငယ်မုဒိမ်းမှု လျော့ကျရေးအတွက် အထက (၁) ကျောင်းခန်းမမှာ ဇူလိုင်လ သြဂုတ်လ ၂ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှ ကြီးမှူးပြီး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီအသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့ မြို့ပေါ် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေက တက်ရောက်ခဲ့ကြပါတယ်။

သတင်း - ဝံသ (မောင်တော)

မောင်တောခရိုင်အတွင်းဖွင့်လှစ်သင်ကြားမယ့် အဝေးသင်တက္ကသိုလ်ဌာနခွဲ ကို တက်ရောက်နိုင်ရန်အတွက် လျှောက်လွှာတွေကို မောင်တောခရိုင် ပညာရေးမှူးရုံးက ထုတ်ပေးလျှက်ရှိရာ ဇူလိုင်လ ၁၃ ရက်နေ့ အထိ လျှောက်လွှာ ထုတ်ယူသူ ၅၃ ဦးနှင့် လျှောက်လွှာ လာတင်တဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးရှိ တယ်လို့ သိရပါတယ်။

သတင်း - ဝံသ(မောင်တော)

dtv news - ရခိုင်ပြည်နယ်မှာ ကလေးတွေ အင်္ဂလိပ်ဘာသာရပ်ကို နိုင်ငံတကာအဆင့်မီသင်ကြားလို့ရမယ့် မူကြိုကျောင်းတစ်ကျောင်းကို စစ်တွေမြို့ မြို့သူကြီးရပ်ကွက်မှာ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိတယ်လို့ သိရပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေ ၂၉ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် သံတွဲမြို့က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၂) အဆောက်အဦမှာ အမိုးလန်ပျက်စီးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတချို့မှာ မိုးရေထဲ ၂ ရက်တာ စာသင်ကြားခဲ့ရတယ်လို့ သိရပါတယ်။

သတင်း - မျိုးမြင့်ဇော်

ရခိုင်ပြည်နယ်အတွင်းက တက္ကသိုလ်ဝင်တန်း တက္ကသိုလ်ဝင်တန်းထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ခရိုင်အလိုက် ဆုချီးမြှင့်ပေးအပ်သွာမှာဖြစ်ပြီး ဒီနေ့ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းမှာတော့ စစ်တွေခရိုင်အတွင်းက ကျောင်းသား၊ ကျောင်းသူတွေကို စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။