dtv news - စစ်တွေမြို့ အထက ၁ ကျောင်းမှာ တက္ကသိုလ်ဝင်တန်း ၂ နှစ်အထက်ကျတဲ့ ကျောင်းသားတွေကို သင်ကြားပေးနေတဲ့ စေတနာညကျောင်းမှာ ၂၀၁၅ ခုနှစ် စတင်ဖွင့်လှစ်စဉ်ကနေ ယခု ၂၀၁၈ ခုနှစ် အထိ ကျောင်းသား၊ကျောင်းသူ ၆၂ ဦးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ သတင်း - ခိုင်ရိုးလ

dtv news - မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပိတ်သိမ်းခံလိုက်ရတာကြောင့် အဲဒီကျောင်းမှာ ကျောင်းနေ၊ ကျောင်းစား ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသား ၂၀၀ ခန့်ဟာ ပညာဆက်လက် သင်ကြားရေးနဲ့ စားဝတ်နေရေးတွေ အခက်အခဲဖြစ်နေရတယ်လို့ မြတန်ဆောင်းဆရာတော်က အခုလိုမိန့်ပါတယ်။

သတင်း - ချမ်းအေး

dtv news - ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ ဦးဆောင်ကာ လူငယ်တွေက အမှိုက်ကောက်တဲ့ ပညာပေးကမ်ပိန်းတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ပွိုင့်ကမ်းခြေမှာ ဇွန်လ ၅ ရက် ညနေ သုံးနာရီကျော်က ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ၂၀၁၇-၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်မှာ မူလတန်းကနေ အထက်တန်းကျောင်းအထိ ကျောင်းပေါင်း ၃၀၀ ကျော်အဆင့်တိုးမြှင့်ပေးခဲ့ပေမယ့် အထက်တန်းပညာကို သင်ကြားပေးမဲ့ ဆရာ၊ ဆရာမတွေ မရှိတာကြောင့် အထကခွဲက ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲ အကျများတယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။

သတင်း - ခိုင်ရိုးလ

သံတွဲခရိုင်မှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်လာပေမယ့် အင်္ဂလိပ်စာဘာသာဂုဏ်ထူးရသူ နည်းပါး ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ရခိုင်ပြည်နယ်သံတွဲခရိုင်အတွင်းက ယခင်နှစ်တွေကထက် အောင်ချက် မြင့်မားလာပေမယ့် အင်္ဂလိပ်စာဘာသာရပ်ဟာ ဂုဏ်ထူးထွက်သူ နည်းပါးခဲ့တယ်လို့ သံတွဲခရိုင် ပညာရေးမှူး ရုံးကသိရပါတယ်။ အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို သံတွဲခရိုင်အတွင်းကဖြေဆိုသူ ၆၂၃၁ ဦးရှိခဲ့ပြီး အောင်မြင်သူ ၁၆၇၁ ဦး ရှိတဲ့အထဲမှာ အင်္ဂလိပ်စာဘာသာ ဂုဏ်ထူးထွက်သူ ၄ ဦးအထိသာရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို အင်္ဂလိပ်စာဘာသာရပ်မှာ အလွန်နည်းပါးနေတဲ့အတွက် လာမယ့်နှစ်တွေမှာ အင်္ဂလိပ်စာဘာသာရပ်ကို အသေအချာသင်ကြားပေးသွားမှာဖြစ်တယ်လို့ သံတွဲခရိုင်ပညာရေမှူး ဦးမြင့်တင်ကအခုလိုပြောပါတယ်။

သတင်း - မျိုးမြင့်ဇော်