dtv news - ကျောက်ဖြူမြို့နယ်မှာ လူငယ်တွေကို နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင်အတွက် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ နည်းပညာတွေကို ၄၅ ရက်ကြာ သင်ကြားပေးလျက်ရှိပြီး အဲဒီသင်တန်းကို ဗောဓိပညာရေးဖောင်ဒေးရှင်းမှဦးဆောင်ပြီးတော့ ကျောက်ဖြူမြို့၊ လိပ်ခမော်ကျေးရွာမှာ ဒီကနေ့စတင်ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

dtv news - ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ၂၀၁၈ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့တဲ့ (၆) အကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံမှာ တိုင်းရင်းသားမီဒီယာတွေ ရေရှည်ရပ်တည်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့တယ်လို့ ညီလာခံကျင်းပရေးကော်မတီက သိရပါတယ်။

သတင်း - ကောင်းကောင်း

dtv news - ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မေလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပမယ့် ရခိုင်လူငယ်ညီလာခံကနေ အနာဂတ် ရခိုင်လူငယ်တွေအတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ယုံကြည်ကြောင်း ရခိုင်အမျိုးသားပါတီက ပြောပါတယ်။ ရခိုင်လူငယ်တွေရဲ့ညီလာခံဟာ ရခိုင်လူမျိုးတွေရဲ့ အနာဂတ်ဖွံ့ဖြိုးလှပဖို့အတွက် အစီအစဉ်တကျနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေချပြီးတော့ အဆင်းရဲဆုံးဖြစ်နေတဲ့ ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုကို တောက်ပတဲ့အနာဂတ်ရှိတဲ့ လူငယ်တွေကနေ ဖန်တီးနိုင်ဖို့ယုံကြည်တယ်လို့ ANP ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကပြောပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - မြန်မာနိုင်ငံရှိ တိုင်းရင်းသားမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က (၆) ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှာ ပြောဆိုခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ဧပြီလ ၂၇ ရက်နေ့က စတင်ကျင်းပနေတဲ့ (၆)အကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ ဖွင့်ပွဲမိန်းခွန်းပြောကြားမှာ ဝန်ကြီးက အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

သတင်း - ကောင်းကောင်း