ကျောက်ဖြူမြို့နယ်မှာ သင်္ကြန်တွင်းယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူလူနာ ၃၀ ကျော်ထဲက ပြင်းထန်ဒဏ်ရာရရှိသူ ၄ ဦးကို ရန်ကုန်သို့လွှဲပြောင်းထားရ (ရုပ်သံ) ကျောက်ဖြူမြို့နယ်မှာသင်္ကြန်တွင်းယာဉ်မတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရရှိတဲ့လူနာ၃၀ကျော်ထဲက ပြင်းထန်ဒဏ်ရာရရှိတဲ့ လူနာ ၄ ဦးကိုရန်ကုန်မြို့သို့ လွှဲပြောင်းပေးထားတယ်လို့ ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။ အဲဒီပြင်းထန်ဒဏ်ရာရရှိသူတွေထဲမှာ ဦးခေါင်ဒဏ်ရာရရှိသူ ၂ ဦးနဲ့ ခြေထောက်ကျိုးဒဏ်ရာရရှိသူ ၂ ဦးတို့ ဖြစ်တယ်လို့ ကျောက်ဖြူပြည်သူ့ဆေးရုံရဲ့ အရေးပေါ်ဌာန တာဝန်ကျဆရာမ ဒေါ်နုနုအောင်က ပြောပါတယ်။

သတင်း - ခိုင်မင်း(ကျောက်ဖြူ)

စစ်တွေပေါက်ကွဲမှုအပေါ် သံသယနဲ့ဖမ်းဆီးစစ်ဆေးမှုကနေ လွတ်မြောက်လာပြီး မြောက်ဦးမြို့နယ် တိမ်ညို ပေါက်ကွဲမှုနဲ့ ထပ်မံချုပ်နှောင်ခံထားသူနှစ်ဦးကို ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ မြောက်ဦးမြို့နယ်တရားရုံးက ချုပ်ရမန် ၁၄ ရက် ထပ်ယူခဲ့တယ်လို့ သိရပါတယ်။ အခုလို ချုပ်နှောင်ခံထားရတဲ့သူတွေဟာ ကိုမောင်အေးဝင်းနဲ့ ကိုမောင်မြင့်ဦးတို့ဖြစ်ပြီး ဧပြီလ ၂၄ ရက်နေ့အထိ ချုပ်ရမန် ထပ်မံယူခဲ့တာလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ စစ်တွေ ပေါက်ကွဲမှုနဲ့ ဖမ်းဆီးစစ်ဆေးတဲ့ ၈ ဦးထဲမှာလည်း ပါဝင်ခဲ့သူ တွေဖြစ်ပါတယ်။ ဒီလို စစ်တွေပေါက်ကွဲမှုကနေ မသက်ဆိုင်လို့လွတ်မြောက်လာပြီးမှ မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာအနီးရှိ အဝေးပြေးကားလမ်းကပေါက်ကွဲမှုနဲ့ ဆက်စပ်တယ်ဆိုပြီး ထပ်မံ ချုပ်နှောင်ထားတာဟာ မတရားတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် မခံမရပ်နိုင်ဖြစ်မိတယ်လို့ ကိုမောင်မြင့်ဦးရဲ့ဇနီးက ပြောပါတယ်။

သတင်း - နေဝင်းစံ

dtv news - တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ငွေကျပ်သန်းပေါင်း ၁၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ စာသင်ကျောင်းအပါအဝင် ကျောင်းအဝင်လမ်း၊ ဆရာ၊ ဆရာမနားနေဆောင်နဲ့ ကျောင်းခြံစည်းရိုးတွေကို မောင်တောမြို့နယ် ကိုင်းကြီး(မြို)ကျေးရွာမှာ ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဝံသ (မောင်တော)

စစ်တွေတက္ကသိုလ် တက်ရောက်ဖို့ အခက်အခဲဖြစ်နေတဲ့ အဝေးသင်ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းစရိတ် ထောက်ပံ့ပေး

............................................................................

ရခိုင်ပြည်နယ်အတွင်းက စစ်တွေတက္ကသိုလ်တက်ရောက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသား၊ ကျောင်းသူ ၅၇ ဦးအတွက် ကျောင်းစရိတ်အပါအဝင် အခြားကျောင်းသုံးပစ္စည်းတွေကို ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့ စစ်တွေမြို့ အာရိယာန်ခန်းမမှာ ပြည်တွင်းပြည်ပ အလှူရှင်တွေက ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ အခုလို ထောက်ပံ့တာဟာ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ စတဲ့မြို့နယ်တွေက ကယ်ဆယ်ရေးစခန်းတွေမှာရောက်ရှိနေကြပြီး တက္ကသိုလ်တက်ရောက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်နှစ်တစ်နှစ် မဆုံးရှုံးရအောင် ထောက်ပံ့ပေးအပ်တာဖြစ်တယ်လို့ ထောက်ပံ့ပေးအပ်သူ ကိုလင်းအိမ်က ဆိုပါတယ်။

သတင်း - ကျော်ချစ်

စစ်တွေမြို့မှာ အဝေးသင်တက္ကသိုလ်စာသင်ဝိုင်းကြေးတွေ ဈေးမြင့်တက်လာတဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေ အခက်အခဲဖြစ်နေ