ရခိုင်ပြည်နယ်မှာရှိတဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသားကိုယ်စားလှယ်တွေ စစ်တွေတက္ကသိုလ်မှာ ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ နှစ်ရက်ကြာတွေ့ဆုံပွဲပြုလုပ်နေပါတယ်။ တပြည်နယ်လုံးမှာရှိတဲ့ ကျောင်းသားအရေးနဲ့ ပညာရေးကိစ္စတွေမှာ ဘုံသဘောတူညီချက်တွေ ထုတ်ဖော်နိုင်ဖို့ အခုလိုဆွေးနွေးနေတာပါ။

ထိုင်းနိုင်ငံဗုဒ္ဓတက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ဆရာတော် အရှင်ပညာလင်္ကာရ က ဦးဆောင်ပြီးမြောက်ဦးမြို့ ရတနာမာန်အောင် ဘုန်းတော်ကြီးကျောင်းမှာ လူငယ်တွေကို ဗုဒ္ဓဘာသာလူငယ်များခေါင်းဆောင်မှူစွမ်းရည်မြှင့် သင်တန်းကို အခမဲ့သင်ကြားပေးနေပါတယ်။ အဲဒီ သင်တန်းဟာ မေလ ၁၅ ရက်နေ့ကနေ စတင်ခဲ့တဲ့ တစ်ပတ်ကြာသင်တန်းဖြစ်ပြီးတော့ ဒီနေ့နောက်ဆုံးနေ့ဖြစ်ပါတယ်။

ကလေးငယ်လေးတွေ ပျော်ရွင်စွာ နဲ့ ပန်းချီကို စိတ်ပါဝင်စားစွာ ရေးဆွဲနေကြတဲ့မြင်ကွင်းဟာ ကြည်နူးစရာ ကောင်းလှပါတယ်။ ကလေးငယ်လေးများဟာ တစ်ဦး နဲ့ တစ်ဦး မင်း ပန်းချီထက် ငါ့ပန်းချီ က လှတယ်လို့ သူတို့ ရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို ပြိုင်ဆိုင်နေကြတာဟာလည်း အလွန်ချစ်စရာကောင်း လှပါတယ်။ 

ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ၅ ဦးအဖွဲ့နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပါဝင်တဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ ဒီနေ့ နံနက် ၁၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မာန်အောင်မြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ ရခိုင်လူငယ်အကြိုညီလာခံက ရလဒ်တွေနဲ့ ညီလာခံကြီး ဖြစ်မြောက်ဖို့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေကို ရသေ့တောင်မြို့မှာ မာန်အောင်သွားတက်ရောက်ခဲ့တဲ့ လူငယ်ကိုယ်စားလှယ် ၅ ဦးက ယနေ့ ရှင်းလင်းပွဲ လုပ်ပါတယ်။