သူတို့ကို ဖမ်းဆီးတာဟာ လူမျိုးရေးအရ နှိပ်ကွပ်ချင်တာနဲ့ နိုင်ငံရေး လုပ်ကြံချင်တာကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ ပုဒ်မသုံးခုနဲ့ အမှုရင်ဆိုင်နေရတဲ့ စာရေး ဆရာဝေဟင်အောင်က ပြောဆိုလိုက်ပါတယ်။ စာရေးဆရာဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင်တို့ကို မေလ ၃၀ ရက်နေ့က ၁၂ ကြိမ်မြောက်ရုံးထုတ်အပြီးမှာ စာရေးဆရာဝေဟင်အောင်က မီဒီယာတွေကို အခုလို ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

သတင်း - ခင်သရဖီဦး