ကျောက်ဖြူ SEZ တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်လို့ ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကျောက်ဖြူမြို့နယ်အတွင်းက တောင်သူလယ်သမားတွေနဲ့ ရေလုပ်သားတွေဟာ တွေ့ဆုံပွဲတစ်ရပ်ကိုပြုလုပ်ခဲ့ပြီးတော့ တွေ့ဆုံပွဲရလဒ်အဖြစ် အချက် ၁၆ ချက်ပါဝင်တဲ့ သဘောထားထုတ်ပြန်ချက်ကို တောင်းဆိုထုတ်ပြန်ခဲ့ကြ ပါတယ်။

သတင်း - ခိုင်မင်း(ကျောက်ဖြူ)

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို စွဲဆိုထားတဲ့အမှုသုံးခုထဲက အမှု နှစ်ခုရဲ့ တရားလိုသက်သေတွေကို ဇူလိုင်လ ၂၃ ရက်နေ့မှာ စစ်ဆေးမှုပြီးစီးခဲ့ပြီလို့ ဒေါက်တာအေးမောင်ရဲ့ အမှုလိုက်ရှေ့နေဆီက သိရပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို ရသေ့တောင်မြို့နယ်မှာပြုလုပ်ခဲ့တဲ့ ရခိုင့် နိုင်ငံတော်အချုပ်ခြာအာဏာ ကျဆုံးခြင်းအထိမ်းအမှတ် စာပေဟောပြောပွဲအတွင်း သူတို့နှစ်ဦးရဲ့ဟောပြောချက် တွေဟာ ဥပဒေနဲ့မကိုက်ညီဘူးဆိုပြီးတော့ အစိုးရကဖမ်းဆီး တရားစွဲဆိုခဲ့ တာဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုစွဲဆိုထားတဲ့အမှုသုံးမှုမှာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂ ၊ နိုင်ငံတော်အကြည် အညိုပျက်စေမှုရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာပါ။

သတင်း - ခိုင်ရိုးလ

dtv news - မောင်တောမြို့နယ်မှာ အသားဈေးတစ်ပိဿာကို ၁၄၀၀၀ ကျပ်အထိ မြင့်တက်နေပြီး စားသုံးသူတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

သတင်း - ဝံသ (မောင်တော)

dtv news - တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းကျေးရွာက ဦးစိုးဝင်းပိုင်ဆိုင်တဲ့ ဆင်လိန်ကွင်းအမှတ် ၆၈-က ၃ ဧက ကို တောင်ကုတ်မြို့ အမှတ် (၅) စစ်ဆင်ရေးကွက်ကဲမှူဌာနချုပ် (စ.က.ခ-၅) က သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

သတင်း - မျိုးမြင့်ဇော်

dtv news - သံတွဲခရိုင်အတွင်းက ငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်နေကြတဲ့ ရေလုပ်သားအများစုဟာ ဘဝအာမခံချက် မရှိသလို သူတို့တွေရဲ့ အလုပ်ဟာ အသက်အန္တရယ်စိုးရိမ်ရပေမယ့် စာဝတ်နေရေး အဆင်ပြေဖို့အတွက် အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကျော့ပိုက်ရေလုပ်သားတွေက ပြောပါတယ်။

သတင်း - မျိုးမြင့်ဇော်

dtv news - ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်း လူဦးရေ တစ်သောင်းကျော် ဘေးဒုက္ခခံစားခဲ့ရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးက သိရပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ရခိုင်ပြည်နယ်အတွင်းမှာ ရေလမ်းခရီးကိုအသုံးပြုပြီး ကျောင်းတက်ရောက်နေရတဲ့ ကျောင်းသား ဦးရေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခု ပညာသင်နှစ်ရဲ့စာရင်းတွေအရ ၄၂၇၂ ဦးရှိခဲ့ပြီး အခုနှစ်မှာ ကျောင်းသား ၄၀၀ ခန့်ထပ်မံတိုးလာနိုင်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။

သတင်း - နေ၀င်းစံ