dtv news - ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းက ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေထဲက ရေကန်တွေကို လူမှုအဖွဲ့ အစည်းတွေဖြစ်တဲ့ colorless အဖွဲ့နဲ့ ရခိုင့်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ အကူညီနဲ့ မင်းပြားမြို့နယ် နာရေးကူညီမှုအသင်းက ဇွန်လ ၁၇ ရက်နေ့ကနေ ရေစုတ်ထုတ်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

သတင်း - စိမ်းကိုကို

dtv news - ဝါးကို ဘူးသီးတောင်မြို့နယ်မှာ ရောင်းသလို၊ ဘင်္ဂလားဒေ့ရှ်ကိုလည်း တင်ပို့နေပေမယ့် ဝါးအရောင်းဆိုင်တွေရဲ့ ဈေးနိမ်မှုနဲ့ ဝါးကောင်းမရရှိတဲ့ အခြေအနေတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ဝါးဓနိလုပ်ငန်းရှင်များအသင်း ဥက္ကဌ ကိုဇော်နိုင်ဝင်းက ပြောပါတယ်။

သတင်း - ဝံသ (မောင်တော)

dtv news - ရခိုင်ပြည်နယ်မှာ ဇွန်လ ၇ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် လေးမြို့မြစ်ရေမှာ မြင့်တက်လာပြီး မင်းပြားမြို့နယ်က ရပ်ကွက်တချို့နဲ့ ကျေးရွာ ၂၀ ကျော်မှာ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

သတင်း - စိမ်းကိုကို

dtv news - ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ လမ်းမတော်ရပ်ကွက်ကနေ ဆတ်ရိုးကျကျေးရွာကိုဆက်သွယ်သွားလာ နိုင်ရန်အတွက် ဆတ်ရိုးကျချောင်းကိုဖြတ်သန်းပြီး အရှည် ၁၆၄၂ ပေရှိတဲ့ ဆတ်ရိုးကျတံတား တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကနေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

သတင်း - နေဝင်းစံ

dtv news - ဆရာ၊ ဆရာမတွေက ရာထူးတိုးလျောက်တဲ့အခါမှာ ငွေကျပ် ၅ သိန်းပေးရင် စိတ်ကြိုက်နေရာကို ချပေးတယ်လို့ ငွေတောင်းခံရတဲ့ ဆရာမတစ်ဦးနဲ့ နီးစပ်သူ အမည်မဖော်လိုတဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

သတင်း - ခင်သရဖီဦး

မောင်တောမြို့နယ်က ဘင်္ဂါလီကျေးတွေမှာ ဆရာ၊ ဆရာမတွေအတွက် လုံခြုံရေးအားနည်း ဝံသမောင်တောသတင်းပေးပို့ထားတာကို ဇင်စုခိုင်က တင်ဆက်ထားပါတယ်။ မောင်တောမြို့နယ်အတွင်း ဝေးလံခေါင်းဖျားတဲ့ ဘင်္ဂါလီကျေးရွာတွေမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်းတွေကို လုံခြုံရေးအပြည့်အဝပေးအပ်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ ဘင်္ဂါလီကျေးရွာတချို့မှာ တာဝန်ကျလာတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေအတွက် လုံခြုံရေးအခြေအနေကို ရပ်ရွာအနေနဲ့ တာဝန်ယူဆောင်ရွက်ထားတာတွေ ရှိတယ်လို့ ဟာဘီဘင်္ဂလီ ကျေးရွာအုပ်ချုပ်ရေးမှူး ဆော်ဝါဟူဆိမ်းက ပြောပါတယ်။

သတင်း - ဝံသ (မောင်တော)

ကမ်းပါးပြိုမှုကို ကာကွယ်ဖို့ပြုလုပ်ထားတဲ့ ရေလှိုင်းတာဘောင်တွေ ပြိုကျမှုရှိလာတဲ့အတွက် ဒေသခံကျေးရွာ သားတွေ စိုးရိမ် မာန်အောင်မြို့နယ်အတွင်းက ရေမျက်ဝကျေးရွာကမ်းခြေမှာ ကမ်းပါးပြိုကျလာနေတဲ့အတွက် ရေလှိုင်း တာဘောင်တွေပြုလုပ်ပြီး ကမ်းပြိုမှုကိုကာကွယ်ထားပေမယ့် လက်ရှိမှာ အဲဒီရေလှိုင်းတာဘောင်တွေကပါ ပြိုကျမှုရှိလာနေပြီလို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။ အဲဒီကမ်းခြေမှာ မိုးဦးရာသီအတွင်းပြိုကျမှုကို ပိုမိုရင်ဆိုင်လာရပြီး ရေလှိုင်းတာဘောင်တွေပါပြိုကျမှု ရှိလာတဲ့ အပေါ် ဒေသခံတွေကတင်ပြတောင်းဆိုထားပေမယ့် ထူးခြားမှုမရှိသေးဘူးလို့လည်း သိရပါတယ်။ ရေမျက်ဝကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးမောင်ချစ်ကတော့ အခုကမ်းခြေပြိုကျလာမှုမှာ လယ်ယာမြေတွေပါ ပျက်စီးလာနေပြီဖြစ်တဲ့အတွက် နောက်လေးနှစ်လောက်သာ အခုလိုပြိုကျနေမယ်ဆိုရင် ကျေးရွာကိုပါ ပြောင်းရွှေ့လာရလိမ့်မယ်လို့ ဆိုပါတယ်။

သတင်း - အောင်ကောင်းဇော်