dtv news - စစ်တွေမြို့နယ် ဆတ်ရိုးကျရပ်ကွက် (၁) ကယ်ဆယ်ရေးစခန်းစခန်းမှာ မေလ ၁၅ ရက်နေ့ ၁၁ နာရီကျော်အချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ နေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခဲ့ကာ ၂ လုံးမှာ မီးမကူးစက်နိုင်အောင် ဖြိုဖျက်လိုက်ရတယ်လို့ သိရပါတယ်။

သတင်း - ခိုင်ရိုးလ

ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့လူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်း (ရုပ်သံ) ပြည်တွင်းစစ်ရပ်စဲရေးတွက် ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုအတွင်း ပါဝင်သူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖြိုးခွင်းလိုက်တယ်လို့ သတင်းရရှိပါတယ်။ မေလ ၁၂ ရက် ဒီကနေ့ညနေက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ဂုံးတံတားအောက်မှာ စစ်ပွဲတွေရပ်စဲရေး၊ စစ်ဘေးသင့်ပြည်သူတွေကို လွတ်လပ်စွာ ထောက်ပံ့ခွင့်ရရှိရေး စတာတွေကို တောင်းဆိုဆန္ဒထုတ်ဖေါ်ခဲ့တဲ့ လူထုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြိုခွင်းတာဖြစ်ပြီး ဆန္ဒထုတ်ဖေါ်ရာမှာ ပါဝင်သူတချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကောင်းကောင်း

ဘင်္ဂါလီတွေ ဝင်လာမှုအပေါ်မူတည်ပြီး မောင်တောဒေသက စာသင်ကျောင်းတွေကို ဖွင့်လှစ် သွားမယ် (ရုပ်သံ) မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ မနှစ်ကပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းပေါင်း ၁၀၀ ကို ထွက်ပြေးသွားတဲ့ဘင်္ဂါလီတွေ ဝင်လာမှုအပေါ်မူတည်ပြီး အခုနှစ်ကျောင်းဖွင့်ရာသီမှာ ဖွင့်လှစ်သွားမယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှကပြောပါတယ်။

သတင်း - ခိုင်ရိုးလ

ငပလီကမ်းခြေမှာ စနစ်တကျအမှိုက်စွန့်ပစ်ရန်လို (ရုပ်သံ) ငပလီကမ်းခြေတစ်လျှောက်မှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေကြောင့် ကမ်းခြေရဲ့သဘာဝအလှဟာ တစ်ဖြည်းဖြည်းပျက်စီးမှုတွေရှိလာနေပါတယ်။ အဲဒီကမ်းခြေတစ်လျောက်အမှိုက်တွေကို ဒေသအာဏာပိုင်တွေအနေနဲ့ လစဉ်လိုက်ကောက်နေတာထက် ကမ်းခြေကိုလာရောက်သူတွေ စနစ်တကျအမှိုက်စွန့်ပစ်တတ်အောင် အသိပညာပေးမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ငပလီဟိုတယ်ဇုန်အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။ ငပလီကမ်းခြေကိုလာရောက်တဲ့ ခရီးသွားတွေထဲမှာ ပြည်ပခရီးသွားတွေထက် ပြည်တွင်းခရီးသွားတွေဟာ အမှိုက်ကို စနစ်တကျစွန့်ပစ်မှု အားနည်းတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

သတင်း - မျိုးမြင့်ဇော်

dtv news - မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာမှာ နေထိုင်ကြတဲ့ မရမာကြီးတိုင်းရင်းသားတွေဟာ အကြမ်းဖက်မှုခံရပြီးနောက်ပိုင်း မူလနေထိုင်ခဲ့တဲ့ မီးတိုက်ကျေးရွာကို ပြန်သွားဖို့ အခက်ခဲတွေရှိနေကြပါတယ်။

သတင်း - ဝံသ (မောင်တော)

dtv news - ၂၀၁၈ ခုနှစ်၊ မေလ(၁၀)ရက်နေ့မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်ရးဗဟိုဌာနရုံးမှာ ပြုလုပ်တဲ့ ၁၆ ကြိမ်မြောက် JMC-U အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး ရာပြည့်က ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

သတင်း - ရွှေထက်

dtv news - ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတွေ ရောင်းဝယ်စားသောက်ရေးအဆင်ပြေနိုင်စေဖို့အတွက် ၁၀ ခန်းတွဲ ဈေးရုံ ၁၀ ရုံ၊ ၈ ခန်းတွဲဈေးရုံ ၄ ရုံ စုစုပေါင်းဆိုင်ခန်း ၁၃၂ ခန်းပါဝင်တဲ့ ဈေးသစ်တစ်ခုကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ပြည်နယ်အစိုးရက တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။

သတင်း - ခိုင်ရိုးလ