စပါးဈေးကျနေတဲ့အတွက် မြန်မာလယ်ယာစိုက်ပျိုးရေးဘဏ်ကို ချေးငွေပြန်ပေးဖို့အတွက် တောင်သူလယ်သမားတွေမှာ အခက်အခဲဖြစ်နေတာကြောင့် အစိုးရကပစပါးဝယ်ယူရေးအတွက် မြောက်ဦးမြို့နယ်က တောင်သူလယ်သမား ၁၀၀၀ ကျော်က မြောက်ဦးမြို့ပေါ်မှာ ဒီနေ့ မေလ ၈ ရက်နေ့ နေ့လည် ၁ နာရီက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ 

တရုတ်နိုင်ငံ၊ တိုင်ပေ(ထိုင်ဝွမ်)တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၇ အနုပညာလက်ရာပြပွဲမှာ နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး ပန်းချီပညာရှင် ချန်ပီယံဆုကို ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့ဇာတိ ရခိုင်တိုင်းရင်းသား ပန်းချီဇွဲရန်နိုင်က ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီအနုပြပွဲကို ထိုင်ဝမ် နိုင်ငံတကာ ခေတ်ပြိုင် ပန်းချီပညာရှင်အဖွဲ့က အာရှထိပ်တန်းအနုပညာပြပွဲ တစ်ခုဖြစ်တဲ့ တိုင်ပေအနုပညာလှူပ်ရှားမှု အဖွဲ့အစည်းနဲ့အတူ ပူးပေါင်းစီစဉ်ကျင်းပတာဖြစ်ပြီး  နိုင်ငံတကာက ကျော်ကြားတဲ့ အနုပညာလက်ရာရှင်ပေါင်း ၃၆၀ ကျော် ပါဝင်ပြီး ယှဉ်ပြိုင်မှုမြင့်မားလှတဲ့ အဆိုပါအနုပညာပြိုင်ပွဲမှာ ပန်းချီဇွဲရန်နိုင်က  နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး ပန်းချီပညာရှင် ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

လူမျိုးရေးပြဿနာတွေကြောင့် ၂၀၁၄ ခုနှစ်ကတည်းကနေ မောင်တောမြို့မြောက်ပိုင်း အထက်ပြူးမကျေးရွာမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ပြောင်းရွေ့နေထိုင်နေကြတဲ့ ရခိုင်မျိုးနွယ်စုဝင်အိမ်ထောင်စုဝင်တွေဟာ

စားဝတ်နေရေးအဆင်မပြေမှုတွေ ဖြစ်ပေါ်နေတာကြောင့် မောင်တောမြို့တောင်ပိုင်းကျေးရွာများသို့ ပြောင်းရွေ့နေထိုင်နေကြပြီး လက်ရှိမှာ အကူအညီတွေ လိုအပ်နေကြောင်း သိရပါတယ်။

တင်ဆက် - ချမ်းအေး ၊ သတင်း - ဝံသ (မောင်တော)

မြန်မာနိုင်ငံမှာ ဂီတနဲ့ သီချင်းဆိုဝါသနာပါတဲ့ သူတွေကို အဆိုတော်တစ်ယောက်ဖြစ်အောင် ပြုလုပ်ပေးနေတဲ့ Myanmar Idol မှာ ရခိုင်ပြည်နယ် မာန်အောင်မြို့ဇာတိဖြစ်တဲ့ ရခိုင်အမျိုးသား ကိုသားငယ်က ၀င်ရောက်ယဉ်ပြိုင်နေပါတယ်။