dtv news - ကျောက်ဖြူအထူးစီးပွားရေုးဇုန်ဆိုင်ရာ ဒေသခံလူထုတွေ့တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဒီကနေ့ ဇွန်လ ၈ ရက်နေ့၊နေ့လည်ပိုင်းက ကျောက်ဖြူမြို့နယ် ၊မင်းတက်တောင်ကျေးရွာမှာ ပြုလုပ်ခဲ့ပြီး အဲဒီတွေ့ဆုံဆွေးနွေး ပွဲကနေ အဓိကအချက်(၂) ချက်ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

dtv news - ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ကျပ်သိန်း ၁၀၀ နဲ့ စစ်တွေမြို့မရဲစခန်းကနေ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။

သတင်း - နေ၀င်းစံ

dtv news - ၂၀၁၇-၂၀၁၈ ခုနှစ် ရခိုင်ပြည်နယ်အတွင်း အထူးကုန်စည်ခွန်မှာပါဝင်တဲ့ နိုင်ငံပိုင်သစ်ခွဲစက်တွေက အခွန်ကောက်ခံရရှိမှုတိုးလာတာကြောင့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထက် ၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်လို့ စီမံကိန်းနှင့် ဘဣာရေးဝန်ကြီးဌာနရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။

သတင်း - နေရောင်မင်း (စစ်တွေ)

dtv news - ရခိုင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးအပိုင်းမှာ ကျွဲနွားတွေနည်းပါးလာပြီး အလုပ်သမားတွေ ရှားလာတဲ့အတွက် လယ်ထွန်စက် အသုံးပြုသူတွေ များလာနေတယ်လို့ လယ်ယာစိုက်ပျိုးရေး ထွန်စက်ရောင်းသူတွေထံက သိရပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ရခိုင်ပြည်နယ်အတွက်ချပေးတဲ့ ဘတ်ဂျက်ငွေတွေကိုပြန်မအပ်ရအောင် အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကိုယ်စီကိုင်စွဲထားကြတဲ့မာနတွေကို လျော့ချဖို့လိုတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

သတင်း - နေ၀င်းစံ

dtv news - ရခိုင်ပြည်နယ်မှာ စစ်တွေပြည်သူ့ဆေးရုံကြီးအပါဝင် ပြည်သူ့ဆေးရုံးတွေနဲ့ တိုက်နယ်ဆေးရုံး ၇၀ ရှိပြီးတော့ အဲဒီဆေးရုံတွေမှာ ဆရာဝန်တွေ လိုအပ်နေဆဲဖြစ်တယ်လို့ ပြည်နယ် ကျန်းမာ ရေးဦးစီးမှူး ဒေါက်ကြည်လွင်ကပြောပါတယ်။

သတင်း - စိမ်းကိုကို

dtv news - ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက်ပဲ ဘတ်ဂျက်ငွေတွေ များစွာတောင်းခံနေမှုဟာ သင့်တော်မှုမရှိဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရကို ထောက်ပြပြောဆို လိုက်ပါတယ်။

သတင်း - နေ၀င်းစံ