dtv news - ပင်စင်ယူသွားတဲ့ ပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ငွေပေးအပ်ဖို့ မြောက်ဦးမြို့နယ်အတွင်းက ပညာရေးဝန်ထမ်းဆီကနေ ကရုဏာကြေးကို အခုနှစ်မှာ တိုးမြှင့်ကောက်ခံလိုက်ပြီး တစ်လကို ၃ ဦးနှုန်းနဲ့ ပင်စင်ယူပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးအပ်နေတယ်လို့ သိရပါတယ်။

သတင်း - ချမ်းအေး

dtv news - ရခိုင်ပြည်နယ်အတွင်းမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုဟာ စစ်တွေ၊ ပေါက်တော၊ သံတွဲ စတဲ့ မြို့နယ်တွေမှာဖြစ်ပွားနေပြီး သံတွဲခရိုင်အတွင်းမှာ အများဆုံးဖြစ်ပွားနေတယ်လို့ သိရပါတယ်။

သတင်း - စိမ်းကိုကို

dtv news - ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြင်ဖြူမော်ကျေးရွာမှာရှိတဲ့ လမ်းဟာ မိုးရွာသွန်းမှုကြောင့် ပျက်စီးနေပြီး ကျောင်းသား၊ ကျောင်းသူ ၈၀၀ နီးပါးမှာ သွားလာရအခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

dtv news -၂၀၁၈-၁၉ ခုဘဏ္ဍာရေးနှစ်အတွက် ရခိုင်ပြည်နယ်ရဲ့ငွေလုံးငွေရင်းအသုံးစရိတ်လျာထားချက်မှာ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးထက် ဌာနနဲ့ အဖွဲ့အစည်းတွေရဲ့အသုံးစရိတ်က ၂၃ ဒသမ ၈၇ ရာခိုင်နှုန်း ပိုများနေတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီရဲ့အစီရင်ခံစာက ဖော်ပြထားပါတယ်။

သတင်း - နေ၀င်းစံ

dtv news - မာန်အောင်မြို့နယ်အတွင်း ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် မတော်တဆ သေဆုံးခဲ့ရသူတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဇွန်လ ၂ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ အလှူငွေတွေပေးအပ်ခဲ့ပါတယ်။

သတင်း - အောင်ကောင်းဇော်

dtv news - ရမ်းဗြဲမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ပြည်နယ်ပညာရေးမှူးရုံးကနေ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့ မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

သတင်း - နေ၀င်းစံ

dtv news - သံတွဲမြို့နယ်မှာ ယာဉ်လိုင်းသမားတွေနဲ့ သုံးဘီးသမားတွေဟာ အမြဲလိုလို နေရာလုတဲ့ပြဿနာ၊ ခရီးသည်တွေလုတဲ့ပြဿနာတွေ ဖြစ်ပွားနေပြီး ဒါကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိရောက်စွာ ဖြေရှင်းပေးစေချင်တယ်လို့ သုံးဘီးသမားတွေက လိုလားနေကြပါတယ်။

သတင်း - မျိုးမြင့်ဇော်