dtv news - ရခိုင်မျိုးနွယ်စုဝင်တွေထဲမှာပါဝင်တဲ့ မရမာကြီးတိုင်းရင်းသားတွေရဲ့ တတိယအကြိမ်မြောက်အမျိုးသားနေ့ကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာရှိတဲ့ မရမာကြီးကျောင်းဟောင်း ပရိယတ္တိစာသင်တိုက်မှာ ဒီကနေ့ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မျော်တော်ဦးအထက်ကျေးရွာမှာ ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့ လေပြင်း တိုက်ခတ်တဲ့အတွက် အုန်းပင်ပြိုလဲကျရာမှ ပိမိပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။

သတင်း - အောင်ကောင်းဇော်

dtv news - မောင်တောမြို့နယ်အတွင်း လဝက ဥပဒေနဲ့ အရေးယူပြီး အကျဉ်းကျရာကနေ ပြန်လည်လွတ်မြောက်လာ တဲ့ ဘင်္ဂါလီ ၆၂ ဦးကို မေလ ၂၆ ရက်နေ့က UEHRD အစီစဉ်အတိုင်း ပြန်လည်လက်ခံခဲ့ တယ်လို့ သိရပါတယ်။

သတင်း - ၀ံသ (မောင်တော)

dtv news - စည်ပင်သာယာရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်လာတာ နှစ်လ ကျော်ပြီဖြစ်ကာ သူတာဝန်ယူတဲ့အချိန်က စပြီး မြို့ရွာ စည်ပင်သာယာ၊ သန့်ရှင်းရေးအတွက် အမှိုက်ကျင်းမရှိသေးတဲ့ မြို့တွေ အမှိုက်ကျင်းရအောင် ရှာပြီး သတ်မှတ်ပေးဖို့ ဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးဝင်းမြင့်ကပြောပါတယ်။

သတင်း - စိမ်းကိုကို

dtv news - မသီတာထွေးသေဆုံးခြင်း ၆ နှစ်ပြည့် အောက်မေ့ဖွယ်ဆုတောင်းပွဲ အခမ်းအနားကို ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှာရှိတဲ့ ရွှေသာလျောင်းဘုရားကြီးမှာ ဒီကနေ့ နံနက် ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

သတင်း-ခိုင်မင်း(ကျောက်ဖြူ)

dtv news - ပုဒ်မသုံးခုနဲ့ တရားရင်ဆိုင်နေရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဒီကနေ့ မေလ ၂၈ ရက် နံနက် ၈ နာရီကျော်အချိန်ခန့်က စစ်တွေဆေးရုံကြီးမှာ ဓာတ်မှန်ရိုက်ရောဂါရှာခဲ့ရတယ်လို့ မိသားစုဝင်တွေထံမှ သိရပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ပေါ်က ရပ်ကွက်အများစုမှာ ရေရှားပါးမှုဖြစ်ပေါ်နေတဲ့အတွက် သက်ဆိုင်ရာဌာနတွေက ရေရရှိရေးဆောင်ရွက်နေကြရပြီး အလားတူ ရေရှားပါးမှုကို ဖြေရှင်းဖို့ အောင်ဒိုင်ကျေးရွာမှာရှိတဲ့ ဆည်ကတစ်ဆင့် ရေဖြည့်ကူစနစ်ဖြင့် ဆောင်ရွက်နိုင်ရေးကို စီစဉ်သွားမယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုလိုက်ပါတယ်။

သတင်း - စိမ်းကိုကို