dtv news - နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်နေပြီဖြစ်သည့် ကျောက်ဖြူမြို့၏ ငလပွေ့ဆိပ်ခံတံတားသည် လက်ရှိအချိန်မှာ ပျက်စီးယိုယွင်း လာနေပြီး ဖြစ်သည့်အတွက် ခရီးသွားများအနေဖြင့် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

dtv news - ကျေးရွာတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ကျေးရွာသားတွေကိုယ်တိုင် စီမံကိန်းရေးဆွဲပြီးလုပ်ကိုင်နိုင် စေဖို့အတွက် စစ်တွေမြို့နယ်အတွင်းက ကျေးရွာ ၇ ရွာရဲ့ကိုယ်စားပြုသူ ၁၄ ဦးကို စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ သင်တန်းပို့ချပေးလျက်ရှိပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ရခိုင်ပြည်နယ်ဂွမြို့နယ်အတွင်းက ကျိန္တလီမြို့နယ်ခွဲ ဘဝင်ကျေးရွာမှာ ဆင်ရိုင်းဝင်ရောက်မှုအန္တရာယ်ကို ဆိုးဝါးစွာကြုံတွေ့နေရတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

သတင်း - နေဝင်းစံ

dtv news - ရခိုင်ပြည်နယ်အတွင်းက လေးမြို့မြစ်အထက်ပိုင်းတစ်လျောက်မှာ ကျောက်ထုတ်လုပ်မှုတွေ များလာနေပြီးတော့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ကမ်းပါးပြိုကျမှုတွေရှိလာပြီး ကိုင်းမြေတွေ ပျက်စီးဆုံးရှုံးနေတယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောဆိုကြပါတယ်။

သတင်း - ခိုင်ရိုးလ

dtv nwes - ရခိုင်ပြည်နယ်အတွင်းက သံတွဲခရိုင်၊ ငပလီမြို့အပါအဝင် ဘေးတွဲဆိုင်ကယ်ရှိတဲ့မြို့နယ်တစ်ချို့က ဘေးတွဲ ဆိုင်ကယ်မောင်းနှင်သူတွေဟာ လိုင်စင်မရှိတဲ့အတွက် လွတ်လပ်စွာမောင်းနှင်ခွင့်မရှိဘဲ ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြတဲ့အတွက် လိုင်စင်ရရှိရေးကို လိုလားနေကြတာဖြစ်ပါတယ်။

dtv news - ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ပေါ်မှာ ရေရှားပါးမှုကြုံတွေ့နေရတဲ့ ရပ်ကွက်တွေကို သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ကနေ နည်းလမ်းသုံးမျိုးဖြင့် စီစဉ်ကာ ရေရရှိရေး ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

သတင်း - စိမ်းကိုကို

dtv mews - မာန်အောင်မြို့နယ် ရဲကျွန်းအုပ်စု၊ ရဲကျွန်းကျေးရွာက ဒေါ်မသန်းချစ် ပိုင်ဆိုင်တဲ့ လယ်မြေဧကကို မြို့နယ်မြေစာရင်းဦးစီးက ပုံစံ (၇) ထုတ်ပေးတဲ့အခါ ဧကအပြည့်အတိုင်းဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပေမဲ့ မြေတိုင်းစာရေးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဧကအပြည့်မပေးဘဲ ရောင်းစားထားတယ်လို့ တောင်သူ ဒေါ်မသန်းချစ်က ပြောပါတယ်။

သတင်း - အောင်ကောင်းဇော်