အခုနှစ်မိုးဦးကာလမှာ မိုး ရက်ဆက်ရွာသွန်းမှုကြောင့် ရခိုင်ပြည်၊ သံတွဲမြို့မှာရှိတဲ့ သမိုင်းဝင် ရွှေဆံတော်တောင်နဲ့ ရွှေနံတော်တောင်မှာ မြေပြိုမှုနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အခုလို မြေပြိုမှုတွေရှိတာကြောင့် တောင်ပေါ်မှာ တည်ထားကိုးကွယ်တဲ့ ဘုရားပုထိုး၊ သာသနိက အဆောက်အအုံတွေကို အရေးပေါ်ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ဂေါပကအဖွဲ့ဝင်တွေက ပြောပါတယ်။ ရွှေဆံတော်တောင်မှာ ကမ်းပါးပြိုကျမှုကြောင့် သာသနိက အဆောက်အုံအချို့ ပျက်စီးမှုရှိခဲ့တယ်လို့ ရွှေဆံတော် ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

Author: DMG