အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုပပျောက်စေရေးအတွက် ဖဲကြိုးဖြူတွေတပ်ဆင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှုကို ရခိုင်ပြည်နယ်မှာ ပြုလုပ်လျက်ရှိပါတယ်။

ဒီလိုဖဲကြိုးဖြူတွေတပ်ဆင်ရခြင်းဟာ အမျိုးသမီးတွေ အကြမ်းဖက်မှုကနေ လွှတ်မြောက်သွားပြီဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)ရဲ့ အထွေထွေအတွင်းရေးမှူး စောဦးညွန့်ခင်က ဆိုပါတယ်။

သတင်း - နေဝင်းစံ