တောင်ကုတ်မြို့နယ်က ဒေသခံ ၉ ဦးကို မြန်မာစစ်တပ်ကနေ အကြမ်းဖက်ပုဒ်မတွေနဲ့ သံတွဲခရိုင်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။ အမှန်တကယ်တော့ ၎င်းတို့ ၉ ဦးဟာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့တာမရှိတဲ့အတွက် အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။ အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲဆိုခံထားရတာကတော့ ဆားပြင်ကျေးရွာက ကိုသန်းနိုင်၊ ကမာကျေးရွာက ကိုအောင်နိုင်စိုး၊ ချက်ပေါက်ကျေးရွာက ကိုဌေးမောင်၊ ကိုနေရဲဝင်း (ခ) ငေမော့၊ ကိုကျော်တင်အောင်၊ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်နဲ့ လမူးကျေးရွာက ကိုစံချစ်အောင်၊ ကိုလှသန်းမောင်တို့ ဖြစ်ကြပါတယ်။ 

Author: DMG