အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို စွဲဆိုထားတဲ့အမှုသုံးခုထဲက အမှု နှစ်ခုရဲ့ တရားလိုသက်သေတွေကို ဇူလိုင်လ ၂၃ ရက်နေ့မှာ စစ်ဆေးမှုပြီးစီးခဲ့ပြီလို့ ဒေါက်တာအေးမောင်ရဲ့ အမှုလိုက်ရှေ့နေဆီက သိရပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို ရသေ့တောင်မြို့နယ်မှာပြုလုပ်ခဲ့တဲ့ ရခိုင့် နိုင်ငံတော်အချုပ်ခြာအာဏာ ကျဆုံးခြင်းအထိမ်းအမှတ် စာပေဟောပြောပွဲအတွင်း သူတို့နှစ်ဦးရဲ့ဟောပြောချက် တွေဟာ ဥပဒေနဲ့မကိုက်ညီဘူးဆိုပြီးတော့ အစိုးရကဖမ်းဆီး တရားစွဲဆိုခဲ့ တာဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုစွဲဆိုထားတဲ့အမှုသုံးမှုမှာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂ ၊ နိုင်ငံတော်အကြည် အညိုပျက်စေမှုရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာပါ။

သတင်း - ခိုင်ရိုးလ