ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၁၈ ခုနှစ် ။ ။ ဒေါက်တာအေးမောင်ကို ဖမ်းဆီးပြီး ၂ နာရီခန့်အကြာမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဒေါက်တာအေးမောင်ရဲ့နေအိမ်အတွင်း မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)နဲ့ လိုအပ်တဲ့ သက်သေအထောက်အထားတွေကို အသိသက်သေတွေနဲ့ အတူ လာရောက်ရှာဖွေခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အဲဒီလိုရှာဖွေတဲ့အခါမှာ ဒေါက်တာအေးမောင်ရဲ့နေအိမ်အတွင်း သက်သေခံပစ္စည်း တစ်စုံတစ်ရာ မျှရှာဖွေတွေ့ရှိခြင်းမရှိတဲ့အတွက် အိမ်အတွင်းက ပစ္စည်းတစ်စုံတစ်ရာ ပျောက်ဆုံးခြင်းမရှိကြောင်းကို အိမ်ရှင်အနေနဲ့ ဒေါက်တာအေးမောင်ရဲ့ ဇနီးဖြစ်သူက ဝန်ခံချက်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တယ်လို့ DMG ကို ပြောပါတယ်။
သတင်း - နေဝင်းစံ




