မောင်တောမြို့နယ်က ဘင်္ဂါလီကျေးတွေမှာ ဆရာ၊ ဆရာမတွေအတွက် လုံခြုံရေးအားနည်း ဝံသမောင်တောသတင်းပေးပို့ထားတာကို ဇင်စုခိုင်က တင်ဆက်ထားပါတယ်။ မောင်တောမြို့နယ်အတွင်း ဝေးလံခေါင်းဖျားတဲ့ ဘင်္ဂါလီကျေးရွာတွေမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်းတွေကို လုံခြုံရေးအပြည့်အဝပေးအပ်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ ဘင်္ဂါလီကျေးရွာတချို့မှာ တာဝန်ကျလာတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေအတွက် လုံခြုံရေးအခြေအနေကို ရပ်ရွာအနေနဲ့ တာဝန်ယူဆောင်ရွက်ထားတာတွေ ရှိတယ်လို့ ဟာဘီဘင်္ဂလီ ကျေးရွာအုပ်ချုပ်ရေးမှူး ဆော်ဝါဟူဆိမ်းက ပြောပါတယ်။
သတင်း - ဝံသ (မောင်တော)




