မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တခြားလုပ်ငန်းစဉ်တွေမှာ လူငယ်တွေအနေနဲ့ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ လူငယ်တွေ့ဆုံပွဲတစ်ခုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်နေကြပါတယ်။





