ဇန်နဝါရီလ ၂၀ ရက် ၊ ၂၀၁၈ ခုနှစ် ။     ။ မြောက်ဦးမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တဲ့အတွက် မြို့နယ် ၁၇ မြို့နယ်မှာ လုံခြုံရေးကိုတိုးမြှင့်ချထားတယ်လို့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း နေရာ ၁၀ ခုကို ဖြန့်ခွဲပြီးတော့ လုံခြုံရေးတိုးမြှင့်ချထားတာဖြစ်ပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြောက်ဦးဖြစ်စဉ်မှာ နယ်မြေခံရဲတွေနဲ့ မြို့ခံလူထုတွေအကြား အခြေအနေတင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လူစုခွဲသေနတ်ပစ်ခတ်မှုကြောင့် လူစုလူဝေးထဲက အမျိုးသား ၇ ဦးသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

သတင်း - နေဝင်းစံ

Author: နေဝင်းစံ